EPL: မော်ရင်ဟို မန်ယူနည်းပြ ဖြစ်လာခြင်းအပေါ် ဒေးဗစ်ဘက်ခမ်း အမြင်

, updated

မော်ရင်ဟို ကိုင်တွယ်မယ့် ပထမဆုံးပွဲကိုတော့ သွားကြည့်မယ်လို့ ဘက်ခမ်းက ပြောပါတယ်။

play

 

ချယ်လ်ဆီးအသင်းနည်းပြဟောင်း မော်ရင်ဟိုကို နည်းပြအဖြစ် ခန့်အပ်လိုက်တဲ့အပေါ် မန်ယူအသင်း ကစားသမားဟောင်း ဘက်ခမ်းက ချီးကျူးပြောကြားလိုက်ပါတယ်။ မန်ယူအသင်းထံကို မော်ရင်ဟို ရောက်လာခြင်းဟာ ပြည့်စုံကောင်းမွန်တဲ့ ပေါင်းဖက်မှု ဖြစ်ကြောင်း ဒေးဗစ်ဘက်ခမ်းက ထောက်ခံခဲ့ပါတယ်။

မန်ယူအသင်းက နည်းပြဗန်ဟားလ်နဲ့ရာသီအကုန်မှာလမ်းခွဲပြီးနောက် နည်းပြမော်ရင်ဟိုကို မေလအတွင်းမှာ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းမှာ မော်ရင်ဟို ပထမဆုံး ကိုင်တွယ်မယ့်ပွဲကို ကြည့်ဖို့ မစောင့်နိုင်အောင်ဖြစ်နေရပြီလို့လည်း ဘက်ခမ်းက အင်တာဗျူး အစီအစဉ်တစ်ခုမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မော်ရင်ဟို ပြန်ရောက်လာခြင်းဟာ ပရီးမီးယားလိဂ်အတွက် လိုအပ်တဲ့ အရာတစ်ခုဖြစ်တယ်လို့လည်း ဘက်ခမ်းက ပြောပါတယ်။

play

 

"မန်ယူနဲ့ မော်ရင်ဟို ပူးပေါင်းမှုဟာ ပြီးပြည့်စုံတဲ့ ပူးပေါင်းမှု တစ်ခုပါပဲ။ သူ့ရဲ့ပွဲစဉ်တွေကြည့်ဖို့ ကျွန်တော်မစောင့်နိုင်တော့ဘူး။ သူ့ရဲ့ပထမဆုံးပွဲကို ကျွန်တော်သွားကြည့်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ မန်နေဂျာတစ်ယောက်အနေနဲ့ သူ့ကိုကျွန်တော် ကြိုက်ပါတယ်" လို့ ဘက်ခမ်းက ပြောပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ