EPL: ပရီးမီးယားလိဂ် ရာသီသစ်ပွဲစဉ်အရ မန်ယူနှင့် မန်စီးတီး စက်တင်ဘာလတွင် တွေ့ရမည်

, updated

ပထမဆုံး ရက်သတ္တပတ်မှာ လက်စတာအသင်းက ဟားလ်စီးတီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

play

 

လာမယ့်နှစ်ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်တွေကို တရားဝင်ထုတ်ပြန်လိုက်ပြီဖြစ်ပြီး လက်ရှိချန်ပီယံ လက်စတာက ပွဲဦးထွက်မှာ ဟားလ်စီးတီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပွဲဦးထွက် ရက်သတ္တပတ်မှာပဲ အာဆင်နယ်နဲ့ လီဗာပူးအသင်း တွေ့ဆုံရမယ့် ပွဲစဉ်လည်း ရှိပါသေးတယ်။

play

 

နည်းပြသစ်မော်ရင်ဟိုနဲ့ ပွဲထွက်လာမယ့် မန်ယူအသင်းကတော့ ပထမဆုံး ပွဲဦးထွက်မှာ ဘန်လေအသင်းနဲ့ အဝေးကွင်းပွဲစဉ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပြီးရင် မော်ရင်ဟိုနဲ့ ပရီးမီးယားလိဂ်မှာ အဓိက ပြိုင်ဘက်ဖြစ်လာမယ့် ပက်ဂွါဒီယိုလာရဲ့ မန်စီးတီး အသင်းနဲ့က စက်တင်ဘာ ၁၀ ရက်နေ့မှာ တွေ့ကြရမှာဖြစ်ပါတယ်။ နည်းပြဂွါဒီယိုလာရဲ့ ပထမဆုံး ပွဲဦးထွက်ပွဲစဉ်က အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပြီး ဆန်းဒါးလန်းအသင်းနဲ့ ရင်ဆိုင်ရမှာပါ။

play

 

နည်းပြသစ် ကွန်တီနဲ့ ပွဲထွက်လာမယ့် ချယ်လ်ဆီးအသင်းက ပထမဆုံးပွဲစဉ်မှာ ဝက်စ်ဟမ်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။ ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်တွေကို သြဂုတ်လ ၁၃ ရက်နေ့မှာ စတင်ကစားကြမှာဖြစ်ပါတယ်။

ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ်များ

လက်စတာ - ဟားလ်စီးတီး

အာဆင်နယ် - လီဗာပူး

ဘုန်းမောက် - မန်ယူ

ဘန်လေ - ဆွမ်ဆီး

ချယ်လ်ဆီး - ဝက်စ်ဟမ်း

ခရစ္စတယ်ပဲလေ့စ် - ဝက်စ်ဘရွန်း

အဲဗာတန် - စပါး

မန်စီးတီး - ဆန်းဒါးလန်း

မစ်ဒယ်ဘရော့ - စတုတ်စီးတီး

ဆောက်သမ်တန် - ဝက်ဖို့ဒ်

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ