EPL: မန်ယူဂိုးသမားဟောင်းကို မန်းစီးတီးနည်းပြ ဂွါဒီယိုလာ ခေါ်ယူချင်နေ

, updated

မန်ယူအသင်းမှာ ရုန်းကန်ခဲ့ရတဲ့ ဂိုးသမား ဖြစ်ပါတယ်။

play

 

မန်ယူအသင်းမှာပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရတဲ့ ဘာစီလိုနာအသင်း ဂိုးသမားဟောင်း ဗဲလ်ဒက်စ်ကို နည်းပြဂွါဒီယိုလာက ပြန်လည်ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ နည်းပြဂွါဒီယိုလာ လက်အောက် ဘာစီလိုနာအသင်းမှာ ဗဲလ်ဒက်စ်ကစားခဲ့ပေမဲ့ နောက်ပိုင်းမှာ အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

play

 

ဘာစီလိုနာအသင်းမှာ ပွဲထွက်ကစားမား ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်နဲ့ လာလီဂါလား အောင်မြင်မှုတွေ ရခဲ့တဲ့ ဗဲလ်ဒက်စ်ကို မန်စီးတီးအသင်းရဲ့ ဒုတယဦးစားပေး ကစားသမားအဖြစ် ဂွါဒီယိုလာက ပြန်လည်ခေါ်ယူချင်နေတာဖြစ်ပါတယ်။ မန်ယူအသင်းမှာ ပွဲထွက်ခွင့် နှစ်ပွဲပဲ ရခဲ့ပြီးနောက် စတန်းဒက်လီဂျီအသင်းကို အငှားချခံခဲ့ရတဲ့ ဂိုးသမားဗဲလ်ဒက်စ်ဟာ ပြီးခဲ့တဲ့ နွေရသီမှာ အသင်းနဲ့ အပြီးလမ်းခွဲခဲ့တာဖြစ်ပါတယ်။

play

 

လက်ရှိမန်စီးတီးဒုတိယဂိုးသမား ကာဘယ်လီယိုကို နည်းပြဟောင်း ပယ်လီဂရီနီက ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အခု အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာဘယ်လီယိုကို စပိန်မှာရှိတဲ့ ကလပ်အသင်းတွေက ခေါ်ယူချင်နေတယ်လို့လည်းဆိုပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ