EPL: ရိုင်ယန်ဂစ် မန်ယူတွင် ဆက်ရှိနေမည်ကို မော်ရင်ဟို မလိုလားရသည့် အကြောင်းအရင်း

နည်းပြသစ် မော်ရင်ဟိုက မန်ယူအသင်းမှာ ရိုင်ယန်ဂစ်ကို ဆက်မရှိစေချင်ဘူး ဖြစ်နေတာပါ။

play

 

မန်ယူအသင်းမှာ ကာလကြာရှည် ကစားခဲ့ပြီး လက်ထောက်နည်းပြအဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရိုင်ယန်ဂစ်ကို နည်းပြသစ် မော်ရင်ဟိုက ဆက်ရှိမနေစေချင် ဖြစ်နေတယ်လို့ The Times သတင်းစာက ဖော်ပြပါတယ်။ ရိုင်ယန်ဂစ်ကို အသင်းမှာ မော်ရင်ဟို ဘာကြောင့် ဆက်မရှိစေချင်တာလဲ ဆိုတဲ့ အကြောင်းပြချက်ကိုလည်း ဖော်ပြလိုက်ပါတယ်။

play

 

ရိုင်ယန်ဂစ်ကို  မန်ယူအသင်းမှာ လက်ထောက်နည်းပြအဖွဲ့ဝင်၊ သို့မဟုတ် လူငယ်အသင်းနည်းပြအဖြစ် ဆက်လက်ထားရှိမယ်ဆိုရင် တစ်ချိန်မှာ နည်းပြချုပ်ရာထူးအတွက် ခြိမ်းခြောက်လာမှာကို မော်ရင်ဟို စိုးရိမ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ တစ်လျှောက်လုံး မန်ယူအသင်းမှာပဲ ကုန်ဆုံးခဲ့တဲ့ ရိုင်ယန်ဂစ်ဟာ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိထားသူဖြစ်ပါတယ်။ အသင်းရဲ့ ကစားသမားအဖြစ်ကတစ်ဆင့် နည်းပြအဖွဲ့ဝင်အတွင်း တဖြည်းဖြည်းဝင်ရောက်ပြီး မန်နေဂျာဘဝနဲ့ အောင်မြင်မှုတွေ ရခဲ့တဲ့ ဘာစီလိုနည်းပြဟောင်း ဂွါဒီယိုလာတို့ရဲ့ ဖြစ်ရပ်လည်း နမူနာ ရှိခဲ့ဖူးတာကြောင့် ဖြစ်ပါတယ်။

play

 

လက်ရှိမော်ရင်ဟိုရဲ့ ကိုယ်ပိုင်လက်ထောက်နည်းပြအဖွဲ့ဝင်တွေ အားလုံးက မော်ရင်ဟိုအပေါ် သစ္စာစောင့်သိကြသူတွေဖြစ်ပြီး ရိုင်ယန်ဂစ်တစ်ယောက်သာ မော်ရင်ဟိုနဲ့ ပြိုင်ဘက်ဖြစ်လာဖွယ် ရှိနေတာပါ။ လက်ရှိအချိန်မှာ အသက် ၄၂ နှစ်အရွယ် ရိုင်ယန်ဂစ်ကို အသင်းဘက်က လူငယ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်စေချင်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ မော်ရင်ဟိုကတော့ ရိုင်ယန်ဂစ်ကို အသင်းကလုံးလုံးထွက်ခွာသွားဖို့ ဆန္ဒရှိနေတယ်လို့ The Times သတင်းဌာနက ဖော်ပြပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ