EPL: တိုက်စစ်မှူး ဗာဒီ ဂိုးသွင်းကောင်းရခြင်း လျှို့ဝှက်ချက်

, updated

ဗာဒီရဲ့ နေထိုင်မှု ပုံစံက အခြားထိပ်သီးကစားသမားတွေ နဲ့ကွာခြားလှပါတယ်။

play

 

အင်္ဂလန်ဘောလုံးလောကရဲ့ အနိမ့်ဆုံး ဘောလုံးပြိုင်ပွဲမှာ ကစားပြီးခဲ့ပြီးနောက် နှစ်အနည်းငယ်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံ အသင်းရဲ့ ဂိုးသွင်းအများဆုံး ဖြစ်လာတဲ့ တိုက်စစ်မှူးဗာဒီဖြတ်သန်းရာ ဘဝဟာ သာမန်ဘောလုံးသမာေးတွနဲ့ မတူခဲ့ပါဘူး။

play

 

အင်္ဂလန်နဲ့ ဝေးလ်အသင်း ကစားခဲ့တဲ့ အုပ်စုဒုတိယပွဲစဉ်မှာလည်း လူစားဝင်လာတဲ့ ဗာဒီကြောင့်သာ အင်္ဂလန်ချေပဂိုး ရပြီးနိုင်ပွဲရတဲ့အထိ ဖြစ်ခဲ့ရတာပါ။ ဗာဒီဘာကြောင့် ဂိုးသွင်းကောင်းရသလဲဆိုတဲ့ လျှို့ဝှက်ချက်ကို အင်္ဂလန်မီဒီယာတွေက ဖော်ထုတ်ထားပါတယ်။ တိုက်စစ်မှူး ဗာဒီက ဘောလုံးကစားရာမှာ ခြေစွမ်းပြနိုင်ဖို့အတွက် စွမ်းအားဖြည့် အချိုရည်လို့ အလွယ်တကူ ခေါ်တတ်ကြတဲ့ Red Bull အချိုရည်ကို ပုံမှန် မှီဝဲလေ့ရှိသူဖြစ်ကြောင်း သိရပါတယ်။

play

 

သူလေ့ကျင့်ရေးကွင်းသွားတဲ့အခါ Red Bull အချိုရည်အပြင် ဆေးလိပ်အစားထိုး ပီကေလည်း ယူသွားလေ့ရှိကြောင်း သိရပါတယ်။ နီကိုတင်းဓာတ်အစားထိုးပေးတဲ့ ပီကေတွေကို စားသုံးလေ့ရှိပြီး ခွန်အားဖြည့် အချိုရည်တွေသောက်ပေမဲ့ ဗာဒီဟာ ကိုယ်ကာယလေ့ကျင့်မှုကို ပြုလုပ်လေ့ရှိသူမဟုတ်ပါဘူး။ လေ့ကျင့်ရေးခန်းမကိုသွားပြီး ဝိတ်မလေ့ကျင့်ခန်းနဲ့ ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေ လုပ်လိုက်ပြီဆိုရင် ခြေစွမ်းမပြနိုင်တော့ဘူးလို့ ဗာဒီက ပြောပါတယ်။

ဒါကြောင့် ဗာဒီကို လက်စတာအသင်းနည်းပြ ရေနီယာရီအသင်း အင်္ဂလန်အသင်းနည်းပြ ရွိုင်းဟော့ဆန်ကပါ ကိုယ်ကာယလေ့ကျင့်မှု လုပ်ခိုင်းဖို့ လက်လျှော့ထားရပါတယ်။

play

 

နီကိုတင်းအစားထိုး ပီကေတွေ စားသုံးပြီး ခွန်အားဖြည့် အချိုရည်တွေ သောက်လေ့ရှိသူဖြစ်ပေမဲ့ တားမြစ်ဆေးစစ်တဲ့အဖွဲ့က ဆေးစစ်တဲ့အခါမှာတော့ အားလုံးပုံမှန်ပဲဖြစ်လေ့ရှိတယ်လို့ ဗာဒီက ပြောပါတယ်။ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြ ဂိုးတွေသွင်းပြီးနောက်ပိုင်း ဗာဒီကို တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့က နီးနီးကပ်ကပ်စောင့်ကြည့်ခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ