EPL: တိုက်စစ်မှူး ဗာဒီအပြောင်းအရွှေ့ အာစင်ဝင်းဂါး လက်လျှော့ပြီလား

, updated

တိုက်စစ်မှူး ဗာဒီ အသင်းပြောင်း၊ မပြောင်းဆိုတာကို အာစင်ဝင်းဂါးက ကြိုသိထားပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။

play

 

လက်စတာအသင်း တိုက်စစ်မှူး ဂျေမီဗာဒီကို ကမ်းလှမ်းထားတဲ့ အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပြန်လည်ရုပ်သိမ်းဖို့ နည်းပြအာစင်ဝင်းဂါး ဆုံးဖြတ်လိုက်ပြီလို့ သိရပါတယ်။ တိုက်စစ်မှူးဗာဒီက အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချထားပြီး နောက်ထပ်ကမ်းလှမ်းမှုတွေကို စောင့်မျှော်လျှက်ရှိတယ်လို့ ဆိုပါတယ်။

play

 

တိုက်စစ်မှူး ဗာဒီကို အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ပေးပြီး တစ်ပတ်လုပ်ခလစာ ပေါင်တစ်သိန်းတစ်သောင်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တိုက်စစ်မှူး ဗာဒီလက်စတာမှာပဲ ဆက်နေလိမ့်မယ်ဆိုတာ မိမိ သိရှိထားပြီးပြီဖြစ်ကြောင်း အသင်းနည်းပြ အာစင်ဝင်းဂါးက ပြောကြားပါတယ်။ တရုတ်ရုပ်သံလိုင်းတစ်ခုနဲ့ အင်တာဗျူးမှာ အာစင်ဝင်းဂါးက  အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

play

 

" လောလောဆယ် ကျွန်တော်သိထားသလောက်တော့ တိုက်စစ်မှူးဗာဒီ လက်စတာမှာပဲ ဆက်နေပါလိမ့်မယ်" လို့ အာစင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။ တိုက်စစ်မှူး ဗာဒီကလည်း လောလောဆယ်မှာ အင်္ဂလန်အသင်းနဲ့ ယူရိုပြိုင်ပွဲမှာ အောင်မြင်ဖို့ကလွဲလို့ အခြားကိစ္စတွေ မစဉ်းစားသေးဘူးလို့ ပြောထားပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ