EPL: ဆောက်သမ်တန် ကြယ်ပွင့် ကစားသမားကို စပါးအသင်း ခေါ်ယူရန် သဘောတူညီမှုရ

, updated

ချန်ပီယံလက်စတာရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး စပါးအသင်းကို ရောက်လာတာပါ။

play

 

ဆောက်သမ်တန်အသင်း ကြယ်ပွင့်ကစားသမား ဗစ်တာဝမ်ယာမာကို စပါးအသင်း ခေါ်ယူဖို့ သဘောတူညီလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ စပါးအသင်း ဘက်က ဝမ်ယာမာကို စတာလင်ပေါင် ၁၁.၅  သန်းနဲ့ခေါ်ဖို့ သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။

play

 

ကွင်းလယ်တိုက်စစ်ကစားသမား ဖြစ်တဲ့ ဝမ်ယာမာကို စပါးအသင်းကို ယနေ့ဆေးစစ်မှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဝမ်ယာမာက အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တဲ့ ကစားသမားဖြစ်ပြီး ဆောက်သမ်တန်းနည်းပြဟောင်း ဖြစ်ခဲ့ဖူးတဲ့ ပိုချက်တီနိုနဲ့ ပြန်လည်ဆုံတွေ့ရမှာပါ။ ၂၀၁၃ ခုနှစ်က ဝမ်ယာမာကို ဆဲလ်တစ်အသင်းထံက ပေါင် ၁၂ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

play

 

ခြေစွမ်းပြနေတဲ့ ဝမ်ယာမာကို အခု ပေါင် ၁၁.၅ သန်းနဲ့သာ ရောင်းချလိုက်တယ်ဆိုပေမဲ့ ဒီနှစ်မှာ မရောင်းခဲ့ရင် နောက်နှစ်နွေရာသီ ရောက်တဲ့အခါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးရတော့မှာ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ