EPL: နော်တင်ဟမ်ဖောရက်စ်အသင်းနည်းပြ ဖြစ်လာဖွယ် ရှိသည့် ရိုင်ယန်ဂစ်

မော်ရင်ဟိုလက်ထောက်နည်းပြ လုပ်ဖို့ ရိုင်ယန်ဂစ်က ငြင်းဆန်ထားပါတယ်။

play

 

မော်ရင်ဟို ရောက်လာပြီးနောက် မန်ယူအသင်းကထွက်တော့မယ်လို့ နာမည်ကြီးနေတဲ့ ရိုင်ယန်ဂစ်ကို နော်တင်ဟမ်ဖောရက်စ်အသင်းက နည်းပြအဖြစ် ခန့်အပ်တာ့မယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြပါတယ်။

play

 

ဗြိတိန်သတင်းအချို့ရဲ့ အဆိုအရ အသင်းရဲ့လက်ထောက်နည်းပြအဖွဲ့ဝင် ရိုင်ယန်ဂစ်က အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲဖို့ သဘောတူညီမှု ရထားပြီးပြီလို့ သိရပါတယ်။ မန်ယူအသင်းဘက်က နည်းပြသစ်မော်ရင်ဟိုရဲ့ လက်ထောက်နည်းပြ နံပါတ်-၂ နေရာမှာ တာဝန်ယူဖို့ ကမ်းလှမ်းခဲ့ပေမဲ့လည်း ရိုင်ယန်ဂစ်ဘက်က ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ရိုင်ယန်ဂစ်ကိုယ်တိုင်က နည်းပြဗန်ဟားလ်လက်အောက်မှာ နှစ်နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အသင်းတစ်သင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

play

 

ချန်ပီယံရှစ်အသင်း နော်တင်ဟမ်ဖောရက်စ်ကလည်း လက်ရှိအချိန်မှာ နည်းပြနေရာ လစ်လပ်နေတဲ့ အသင်းဖြစ်ပါတယ်။ မကြာခင်မှာ ရိုင်ယန်ဂစ်နဲ့ မန်ယူအသင်း လမ်းခွဲကြောင်း ကြေညာမယ်ဆိုရင် နော်တင်ဟမ်ဖောရက်စ်နည်းပြရာထူးကိုလက်ခံဖို့ သေချာသလောက်ရှိလိမ့်မယ်လို့ သတင်းတွေက ခန့်မှန်းရေးသားကြပါတယ်။ ရိုင်ယန်ဂစ်က ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ချိန်ကစလို့ ယနေ့အထိ မန်ယူအသင်းမှာ ၂၉ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ