EPL: ဂွါဒီယိုလာကို လက်တုန့်ပြန်ချင်နေသည့် အီဗရာဟီမိုဗစ်ခ်ျ

အီဗရာဟီမိုဗစ်ခ်ျ မန်ယူကို ရောက်လာတော့မယ်ဆိုတာ အေးဂျင့်ဖြစ်သူ အရိပ်အမြွက်ပြောသွားတာလို့ မီဒီယာတွေက ယူဆနေကြပါတယ်။

play

 

ဘာစီလိုနာအသင်း ကစားသမားဖြစ်ခဲ့ဖူးတဲ့ ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျက နည်းပြဂွါဒီယိုလာအပေါ် လက်တုန့်ပြန်လိုစိတ် ရှိနေသေးတယ်လို့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူ ရေအိုလာက ပြောကြားလိုက်ပါတယ်။ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမယ့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျကို ခေါ်ယူဖို့ အနီးစပ်ဆုံးအသင်းကလည်း မန်ယူအသင်းဖြစ်နေပါတယ်။

play

 

ဘာစီလိုနာအသင်းမှာ ကစားခဲ့စဉ်က တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျနဲ့ နည်းပြဂွါဒီယိုလာအကြား ဆက်ဆံရေး မပြေမလည်ဖြစ်ခဲ့ပြီးနောက် အီဗရာဟီမိုဗစ်ခ်ျ အသင်းက ထွက်ခွာခဲ့ရပါတယ်။ အဲဒီအတွက် အီဗရာဟီမိုဗစ်ခ်ျက မန်စီးတီးနည်းပြသစ် ဖြစ်လာတဲ့ ဂွါဒီယိုလာကို လက်တုန့်ပြန်ချင်တာဖြစ်တယ်လို့ အေးဂျင့်ရေအိုလာက မာကာသတင်းစာက ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ဂိုးပေါင်း ၅၀ သွင်းယူခဲ့တဲ့ အီဗရာဟီမိုဗစ်ခ်ျက မန်ယူအသင်း ရောက်လာမယ်ဆိုရင် နည်းပြဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းနဲ့ အဓိက ရင်ဆိုင်ရမှာဖြစ်ပါတယ်။

play

 

"ဇလာတန်လိုပဲ ကျွန်တော်လည်း သူ့ကို(ဂွါဒီယိုလာ) ကိုမကြိုက်ပါဘူး။ ဇလာတန်ဟာ အခက်အခဲတွေ ကြားထဲက သင်ယူခဲ့ပြီး ဒီလိုဖြစ်လာခဲ့တာပါ" လို့ အေးဂျင့်ရေအိုလာက ပြောပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ