EPL: မန်ယူအသင်းကို ငြင်းပယ်ခဲ့သည့် အကြောင်းအရင်းကို ဟမ်းမဲလ်ရှင်းလင်း

, updated

ဟမ်းမဲလ်ကို လွန်ခဲ့တဲ့ နှစ်နှစ်ခန့်ကတည်းက မန်ယူအသင်း ခေါ်ယူဖို့ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

play

 

မန်ယူအသင်းကို ပြောင်းရွှေ့လာဖို့ ငြင်းပယ်လိုက်ရတဲ့ အကြောင်းအရင်းက ချန်ပီယံလိဂ် ဝင်ခွင့်မရတဲ့အတွက် ဖြစ်ကြောင်း ဒေါ့မွန်ကစားသမားဟောင်း ဟမ်းမဲလ်ပြောကြားချက်ကို ကိုးကားပြီး Manchester Evening News သတင်းစာက ဖော်ပြလိုက်ပါတယ်။

play

 

ဒေါ့မွန်ကစားသမား ဟမ်းမဲလ်ကို မန်ယူအသင်းအပါအဝင် ဥရောပထိပ်သီးအသင်းအချို့ အပြိုင်ကမ်းလှမ်းခဲ့ကြပြီးနောက်ပိုင်း ဟမ်းမဲလ်က ဘိုင်ယန်မြူးနစ်ကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။ မိမိပြောင်းရွှေ့တဲ့ အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့ အသင်းမျိုး ဖြစ်ရမယ့် အပြင် မိမိ အမြဲကစားလိုတဲ့အသင်း၊ စိန်ခေါ်မှုတွေ ပေးနိုင်တဲ့ အသင်းမျိုး ဖြစ်ရမယ်လို့ အမြဲသတ်မှတ်ထားခဲ့တာဖြစ်ကြောင်း ဒေါ့မွန်ကစားသမားဟောင်း ဟမ်းမဲလ်က ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်မှာ မန်ယူအသင်းကို လူးဝစ္စဗန်ဟားလ် စတင်ကိုင်တွယ်ခဲ့ကတည်းက ဟမ်းမဲလ်ကို ခေါ်ယူဖို့ စီစဉ်ခဲ့ပေမဲ့ အဲဒီနှစ်တုန်းကလည်း ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ပါဘူး။

Source : Manchester Evening News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ