EPL: မက်ခီတာရန်ကို မန်ယူအသင်း ဒုတိယအကြိမ် ကမ်းလှမ်းထား

, updated

ပြောင်းရွှေ့မှု သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

play

 

ဒေါ့မွန်အသင်း ကွင်းလယ်တိုက်စစ်ကစားသမား မက်ခီတာရန်ကို မန်ယူအသင်းက ဒုတိယအကြိမ် ပြောင်းရွှေ့ကြေး တိုးမြှင့်ကမ်းလှမ်းလိုက်ပြီး သဘောတူညီမှု ရဖို့ နီးစပ်နေပြီလို့ ဆိုပါတယ်။ ကမ်းလှမ်းမှုကို ဒေါ့မွန်အသင်းနဲ့ ကစားသမား မက်ခီတာရန်သဘောတူညီမှုရဖို့ မန်ယူအသင်း ယုံကြည်မှုရှိတယ်လို့လည်း စေ့စပ်ညှိနှိုင်းပေးနေတဲ့ သတင်းရင်းမြစ်တစ်ခုက ပြောကြားချက်ကို ကိုးကားပြီး Mirror သတင်းဌာနက ဖော်ပြပါတယ်။

play

 

မက်ခီတာရန်ကို မန်ယူအသင်း ဒုတိယအကြိမ် ကမ်းလှမ်းရာမှာ ပေါင် ၂၈ သန်းအထိ ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒေါ့မွန်အသင်းက အဆိုပါကွင်းလယ် တိုက်စစ်မှူးအတွက် အနည်းဆုံး ပေါင် ၃၁ သန်းလောက် အလိုရှိနေတယ်လို့ ဆိုပါတယ်။ ဒေါ့မွန်အသင်းက သုံးနှစ်ဆက်တိုက် ဖလားလက်မဲ့ ဖြစ်ခဲ့တဲ့အပြင် သုံးနှစ်အတွင်း ချန်ပီယံလိဂ် ဝင်ခွင့် နှစ်ကြိမ်လွဲချော်ခဲ့ပြီးပြီဖြစ်လို့ ဘဏ္ဍာရေးပြဿနာ အနည်းငယ်ရှိနေပါတယ်။

play

 

နည်းပြသစ် မော်ရင်ဟိုလက်ထက်မှာ ဗီလာရီးရဲလ်နောက်ခံကစားသမား အဲရစ်ဘေလီကို ပထမဆုံးခေါ်ယူခဲ့ပြီးနောက်ပိုင်း မက်ခီတာရန်က မန်ယူအသင်းအတွက် ဒုတိယပစ်မှတ်ဖြစ်လာပါတယ်။ အခြားသတင်းတွေအရ မက်ခီတာရန်ကို အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းကလည်း ခေါ်ယူချင်နေပေမဲ့ ဒီလောက်ပြောင်းရွှေ့ကြေးပေးဖို့တော့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ