EPL: ဂျေမီဗာဒီကို လက်စတာအသင်း လေးနှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆို

အာဆင်နယ်အသင်းရဲ့ ဗာဒီအပေါ်မျှော်လင့်ချက်ကတော့ ပျက်ပြယ်သွားရပါပြီ။

 

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းက အသင်းရဲ့အဓိက ကစားသမား ဂျေမီဗာဒီကို နောက်ထပ် လေးနှစ်စာ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပါတယ်။ အသစ်ချုပ်ဆိုလိုက်တဲ့ စာချုပ်အရ ဗာဒီဟာ တစ်ပတ်လုပ်ခလစာ ပေါင် တစ်သိန်းရရှိမှာဖြစ်ပါတယ်။

 

၂၀၁၅-၂၀၁၆ ပရီးမီးယားလိဂ်ရာသီမှာ တိုက်စစ်မှူးဗာဒီဟာ အသင်းအတွက် ၂၄ ဂိုး သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ ကစားသမားတွေရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့သူပါ။

 

ယခုလအတွင်းမှာ အာဆင်နယ်အသင်းက ဗာဒီကို  ပြောင်းရွှေ့ကြေး ပေါင် သန်း၂၀ ၊ တစ်ပတ်လုပ်ခလစာ ပေါင် တစ်သိန်းတစ်သောင်းနဲ့ ကမ်းလှမ်းခဲ့ဖူးပေမယ့် အာဆင်နယ်အသင်းရဲ့ကမ်းလှမ်းမှုကို ဗာဒီနဲ့ လက်စတာအသင်းက ငြင်းဆိုခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ကစားသမားလည်းဖြစ်တဲ့ ဂျေမီဗာဒီဟာ လက်ရှိမှာ ၂၀၁၆ ယူရိုပါလိဂ်အတွက် ပြင်သစ်ကိုရောက်ရှိနေပြီး တနင်္လာနေ့မှာယှဉ်ပြိုင်မယ့် အိုက်စ်လန်းအသင်းနဲ့ပွဲစဉ်အတွက် လေ့ကျင့်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Source : Premierleague.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ