EPL: အာဆင်နယ် ကွင်းလယ်လူ ရမ်ဆေးကိုခေါ်ယူရန် မော်ရင်ဟို ကြိုးပမ်းနေ

ဒေါ့မွန်ကွင်းလယ်လူ မက်ခီတာရန်ကို ရဖို့မသေချာတဲ့အတွက် မန်ယူက ရမ်ဆေးကို ခေါ်ဖို့ ကြိုးစားနေတာပါ။

 

အာဆင်နယ် ကွင်းလယ်တိုက်စစ်ကစားသမား ရမ်ဆေးကို မန်ယူအသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း ဗြိတိန်သတင်းတစ်ရပ်က ဖော်ပြလိုက်ပါတယ်။ အာဆင်နယ်အသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်နေပေမယ့် မန်ယူနည်းပြသစ် မော်ရင်ဟိုက အသင်းအတွက် ကွင်းလယ်မှာ စိတ်ချရတဲ့ လမ်းပတ်လို ကစားသမားမျိုး လိုချင်နေတာဖြစ်တယ်လို့ The Sun သတင်းစာက ဖော်ပြပါတယ်။

 

မန်ယူအသင်းက ဒေါ့မွန်အသင်း ကစားသမား မက်ခီတာရန်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ တစ်ချိန်တည်းမှာပဲ ရမ်ဆေးကိုလည်း ခေါ်ယူဖို့ တိတ်တဆိတ် ကြိုးပမ်းနေခဲ့တာလို့ ဆိုပါတယ်။ မက်ခီတာရန်ကို ရရှိဖို့ မသေချာတာကြောင့် ရမ်ဆေးကိုရရဖို့ မော်ရင်ဟိုက တစ်ပြိုင်နက် လှုပ်ရှားခဲ့တယ်ဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

 

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက မိုချန်ဂလာဘတ် လူငယ်ခြေတက်ကစားသမား ရှာခါကို ပေါင်သန်း ၃၀ နဲ့ခေါ်ယူထားတာကြောင့် ရမ်ဆေးလို ငွေကြေးအလုံးအရင်းနဲ့ ပြန်ရနိုင်မယ့် ကစားသမား တစ်ယောက်ယောက်ကို ထုတ်ရောင်းလိမ့်မယ်လို့ မော်ရင်ဟို ယူဆထားကြောင်း သိရပါတယ်။

 

အာဆင်နယ်ကွင်းလယ်မှာ အိုဇေး၊ ကာဇိုလာ၊ ဝီရှိုင်းယား၊ ကိုကီလင်း၊ အယ်နန်နီ စတဲ့ အမာခံကစားသမားတွေအပြင် ရှာခါလည်း ရောက်လာတကြောင့် ရမ်ဆေးကို ထုတ်ရောင်းဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။

Source  : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ