play

 

အင်္ဂလန်နဲ့ ယူရိုပြိုင်ပွဲမှာ ခြေစွမ်းမပြနိုင်ဖြစ်နေတဲ့ စတာလင်ကို မန်စီးတီးနည်းပြသစ်ဖြစ်လာတဲ့ ဂွါဒီယိုလာက ဘယ်လိုကစားရမယ့်ဆိုတဲ့ အကြံဉာဏ်တွေပေးခဲ့ကြောင်း သိရပါတယ်။ အင်္ဂလန်အသင်းရဲ့ တိုက်စစ်မှာ နှစ်ပွဲကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့သလို ဂိုးရဖို့လည်း အထောက်အပံ့မလုပ်ပေးနိုင်ခဲ့တာကြောင့် အုပ်စုနောက်ဆုံးပွဲမှာ ချန်လှပ်ခံခဲ့ရပါတယ်။

play

 

ဆလိုဗက်ကီးယားနဲ့ ပွဲမတိုင်ခင်မှာ နည်းပြဂွါဒီယိုလာက စတာလင်ထံဖုန်းခေါ်ပြီး ခြေစွမ်းပြနိုင်ဖို့ အားပေးစကား ပြောကြားခဲ့တယ်လို့ ဂွါဒီယိုလာနဲ့ နီးစပ်သူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ "မင်းက နောက်ဆို ငါနဲ့အလုပ်အများကြီး လုပ်ရဦးမှာ။ ဘာမှမစိုးရိမ်နဲ့။ ခေါင်းကိုသာမော့ထား။

မင်းကစားသမားကောင်းဆိုတာ ငါသိတယ်။ ငါ့ရဲ့ အစီအစဉ်တွေထဲမှာ မင်းက အရေးပါတဲ့ကစားသမားပဲ" လို့ ဂွါဒီယိုလာက စတာလင်ထံ အားပေးကစား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

play

 

နောက်ဆုံး ၁၆သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီဖြစ်တဲ့ အင်္ဂလန်အသင်းက အသင်းငယ်အိုက်စလန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီပွဲစဉ်မှာ စတာလင် ပြန်လည်ပွဲထွက်လာဖွယ် ရှိနေပါတယ်။

ှSource : Express

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
More From

EPL

Video