EPL: မက်ခီတာရန်ကို အပြောင်းအရွှေ့ မန်ယူ ရက်ပိုင်းအတွင်း ကြေညာဖွယ်ရှိ

အပြောင်းအရွှေ့ကိစ္စကို အပြီးသတ်ဖို့ ဒေါ့မွန်တာဝန်ရှိသူတွေ မန်ချက်စတာကို ရောက်ရှိနေပြီလို့ သိရပါတယ်။

play

 

ဒေါ့မွန်အသင်းကစားသမား မက်ခီတာရန်ကို ခေါ်ယူဖို့မန်ယူနဲ့ဒေါ့မွန်အသင်းအကြား သဘောတူညီမှု ရသွားခဲ့ပြီလို့ သိရပါတယ်။ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့အတွက် ဒေါ့မွန်အသင်း တာဝန်ရှိသူတွေ မန်ချက်စတာကို ရောက်ရှိလာခဲ့ကြပြီလို့ လည်းဆိုပါတယ်။

play

 

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာမေးနီးယား ကွင်းလယ်ဖန်တီးရှင် မက်ခီတာရန်အတွက် မန်ယူအသင်းက ပေါင်သန်း ၃၀ ပတ်ဝန်ကျင်း ပေးချေဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ မန်ယူအသင်းက လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရမှာ မဟုတ်ပေမယ့် မက်ခီတာရန်ဘက်ကလည်း မန်ယူအသင်းကို ပြောင်းဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။

play

 

ဂျာမနီက အားကစားသတင်းထောက်ဖြစ်တဲ့ ရာဖေးလ်က " ဒေါ့မွန်ဘက်က တာဝန်ရှိသူတွေကို မန်ချက်စတာလွှတ်လိုက်ပါပြီ" လို့ တွစ်တာပေးမှာ ရေးသားဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ရက်ပိုင်းအတွင်းမှာ မက်ခီတာရန်ရဲ့ အပြောင်းအရွှေ့ကို မန်ယူအသင်း ကြေငြာဖွယ် ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ဒေါ့မွန်အသင်းအတွက် ၁၈ ဂိုးသွင်းပေးခဲ့ပြီး ၂၅ ကြိမ်ဖန်တီးပေးမှု လုပ်ပေးနိုင်ခဲ့တဲ့ အဓိက ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ