play


လီဗာပူးအသင်းက ဆောက်သမ်တန်တိုက်စစ်မှူး ဆက်ဒီအိုမန်နီကို ကာလရှည်သက်တမ်း စာချုပ်တစ်ရပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရပါတယ်။

play


အသက် ၂၄ နှစ်အရွယ် ဆီနီဂေါ ကစားသမား မန်နီဟာ ဆောက်သမ်တန်နဲ့အတူ ဘောလုံးရာသီ နှစ်ရာသီမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် လီဗာပူးက ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

play


မန်နီက ဆောက်သမ်တန်နဲ့အတူ ၇၅ ပွဲကစားပြီး ၂၅ ဂိုးသွင်းယူခဲ့ပါတယ်။ မန်နီကို လီဗာပူးက ပေါင်စတာလင် သန်း ၃၀ ဖြင့် ၅ နှစ်စာချုပ်ချုပ်ဆို ခေါ်ယူလိုက်ကြောင်း ဗြိတိန်သတင်းဌာနတွေက ပြောပါတယ်။

play


လီဗာပူးဟာ ဆုဖလားများစွာ ရယူထားနိုင်တဲ့ ကြီးကျယ်တဲ့ အစဉ်အလာသမိုင်းရှိတဲ့ အသင်းတစ်သင်းဖြစ်ကြောင်း၊ အသင်းဖော်တွေနဲ့ တွေ့ဆုံပြီး ရာသီသစ်ကို စတင်ဖို့ စိတ်အားထက်သန်နေကြောင်း မန်နီက ပြောပါတယ်။ မန်နီဟာ လီဗာပူးအသင်းမှာ ကျောနံပါတ် ၁၉ ဂျာစီကို ဝတ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။
Source & Photo: Reuters, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
More From

EPL

Video