EPL: လက်စတာ ကစားသမား ကန်တေကို ရီးရဲလ်မက်ဒရစ် ခေါ်ရန်ကြိုးပမ်းနေ

ပရီးမီးယားလိဂ် ချန်ပီယံလက်စတာအသင်း ကစားသမားကန်တေကို ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

play

 

ပရီးမီးယားလိဂ် ချန်ပီယံလက်စတာအသင်း ကစားသမားကန်တေကို ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ကန်တေရဲ့ ပြောင်းရွှေ့ကြေးအတွက် ရီးရဲလ်မက်ဒရစ် အသင်းဘက်က ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ခန့်ပေးပြီး ခေါ်ယူဖို့ စိတ်ဝင်စားနေတာလို့ စပိန်သတင်းတွေက ဖော်ပြကြပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အသင်းက ကမ္ဘာ့ကြယ်ပွင့်ကစားသမားတွေကိုသာ ခေါ်ယူစုဆောင်းလေ့ရှိတဲ့ အစဉ်အလာရှိပေမဲ့ ကန်တေကိုတော့ ချွင်းချက်ထားပြီး ဒီရာသီ အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် ခေါ်ယူဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက ပြင်သစ်တတတိယတန်း အသင်းငယ်လေး ဘော်လောင်းအသင်းမှာ ကစားခဲ့ဖူးတဲ့ ကန်တေကို အာဆင်နယ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုမှာ ရီးရဲလ်မက်ဒရစ်က ပိုသာနေတာကြောင့် အာဆင်နယ်အခင်တွေ့နေရတာပါ။

play

 

လက်စတာအသင်း နည်းပြ ရေနီယာရီကလည်း အသင်းက ကန်တေကို လက်လွှတ်ရမယ့် အခြေအနေရှိနေတာကြောင့် အစာပိုင်းကတည်းက ပြင်သစ်ကစားသမား မန်ဒီကို ခေါ်ယူဖို့ကြိုးစားနေခဲ့တယ်လို့ ဆိုပါတယ်။ ပြင်င်သစ်ကလပ် နိုက်စ်အသင်းရဲ့ ကစားသမား မန်ဒီက ပြီးခဲ့တဲ့ ရာသီမှာ အသင်းအတွက် ခြေစွမ်းပြခဲ့ပြီး အဆင့်-၄ နေရာရအောင် အသင်းကို ကူညီပေးခဲ့သူ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ