EPL: ရာသီသစ်အတွက် ဘယ်လ်ဂျီယံ တိုက်စစ်မှူးကို ချယ်လ်ဆီး ခေါ်ယူ

ဒီရာသီ ချယ်လ်ဆီးအသင်းရဲ့ အဓိကခေါ်ယူမှုပဲ ဖြစ်ပါတယ်။

play

 

မာဆေးလ်အသင်း ကစားသမား ဘက်ရွှာရီကို ချယ်လ်ဆီးအသင်း ခေါ်ယူဖို့ သဘောတူညီမှု ရသွားပြီဖြစ်ကြောင်း သိရပါတယ်။တိုက်စစ်မှူး ဘက်ရွှာရီအတွက် ချယ်လ်ဆီးအသင်းက ပေါင် ၃၁ သန်း ပေးချေဖို့ သဘောတူညီမှု ရခဲ့တာလို့ ဆိုပါတယ်။

play

 

အဆိုပါတိုက်စစ်မှူးကို လန်ဒန်မြို့ခံ ပြိုင်ဘက် စပါးအသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးတယ်လို့ သိရပါတယ်။ မာဆေးလ်အသင်းက ကစားသမားအပြောင်းအရွှေ့ တားဆီးခံရတော့မှာ ဖြစ်တဲ့အတွက် လာမယ့် ဇူလိုင် ၅ ရက်တိုင်ခင်မှာ ကစားသမားကို ရောင်းချဖို့ ဆုံးဖြတ်ချက် ချခဲ့ရတာဖြစ်ပါတယ်။ ဘက်ရွှာရီ အပြောင်းအရွှေ့အတွက် ချယ်လ်ဆီးအသင်းအပြင် မာဆေးလ်က ဝက်စ်ဟမ်း ခရစ္စတယ်ပဲလေ့စ်အသင်းတို့နဲ့လည်း ဆွေးနွေးခဲ့ပါသေးတယ်။

play

 

ဘယ်လ်ဂျီယံအသင်းနဲ့အတူ ယူရိုပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဘက်ရွှာရီကို ဆေးစစ်ဖို့အတွက် ချယ်လ်ဆီးအသင်း ဆရာဝန်တွေကို ပြင်သစ်စေလွှတ်လိုက်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရာသီက အသင်းအတွက် ၂၁ ဂိုးသွင်းယူခဲ့တဲ့ ဘက်ရွှာရီကို ချယ်လ်ဆီးအသင်းက ငါးနှစ်စာချုပ်နဲ့ ခေါ်ယူသွားမယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်း ပေးချေရမယ့် ပေါင် ၃၁ သန်းဟာ ပြင်သစ်ကလပ် မာဆေးလ်အပြည့်အဝ ရရှိမှာ မဟုတ်ပါဘူး။ ဘက်ရွှာာရီကို ခေါ်ယူခဲ့တဲ့ အသင်းဟောင်း စတန်းဒက်လယ်ဂျီကို ၃၅ ရာခိုင်နှုန်း ခွဲပေးရမှာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ