EPL: သြစတြေးလျကွင်းလယ်ကစားသမား အာရွန်မိုးရ်ကို မန်စီးတီးခေါ်ယူ

အာရွန်မိုးရ်ဟာ မန်စီးတီးနဲ့ အသင်းပိုင်ရှင်တူ သြစတြေးလျ ဘောလုံးကလပ် မဲလ်ဘုန်းစီးတီးမှ ကစားသမားလည်း ဖြစ်ပါတယ်။

play
မန်စီးတီးက ခေါ်ယူလိုက်သည့် သြစတြေးလျ ကွင်းလယ်ကစားသမား အာရွန်မိုးရ်။


သြစတြေးလျ ကွင်းလယ်ကစားသမား အာရွန်မိုးရ်ကို မန်ချက်စတာစီးတီး အသင်းက သုံးနှစ်သက်တမ်း စာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရပါတယ်။ အာရွန်မိုးရ်ဟာ မန်စီးတီးနဲ့ အသင်းပိုင်ရှင်တူ သြစတြေးလျ ဘောလုံးကလပ် မဲလ်ဘုန်းစီးတီးမှ ကစားသမားလည်း ဖြစ်ပါတယ်။

play
အာရွန်မိုးရ်နှင့် လူကီကို ၂၀၁၃ ခုနှစ် သြစတြေးလျ A-League ပွဲစဉ်တစ်ခုတွင် တွေ့ရစဉ်။


၎င်းက ကွင်းလယ်တိုက်စစ် ဖန်တီးမှုအားကောင်းတဲ့ ကစားသမားဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘောလုံးရာသီမှာ မဲလ်ဘုန်းစီးတီးအတွက် ၁၁ ဂိုးသွင်းပြီး ဂိုးရရှိအောင် ၂၁ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အာရွန်မိုးရ်မှာ သြစတြေးလျ လက်ရွေးစင်အဖြစ် ၁၅ ပွဲ ပါဝင်ကစားခဲ့သူလည်း ဖြစ်ပါတယ်။

မန်စီးတီးက အာရွန်မိုးရ်ကို ခေါ်ယူပြီးနောက် အခြား အင်္ဂလန် ကလပ်အသင်းတစ်သင်းထံ အငှားချသွားဖွယ်ရှိကြောင်း သိရပါတယ်။ ယခင်ကလည်း ကွင်းလယ်ခံစစ်ကစားသမား လူကီဘရတ်တန်ကို မန်စီးတီးက ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ ခေါ်ယူခဲ့ပြီး ဘော်လ်တန်အသင်းထံ အငှားခဲ့ပါတယ်။ ယခုအခါ လူကီကို မဲလ်ဘုန်းစီးတီးထံ အငှားပြန်ချခဲ့ပြီး အာရွန်မိုးရ်ကို မန်စီးတီးက ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ