EPL: အနာဂတ် နည်းပြသစ်အဖြစ် အာစင်ဝင်းဂါးကို အင်္ဂလန် အလိုရှိနေ

အင်္ဂလန်ရဲ့ အနာဂတ်နည်းပြဟာ ပြည်ပနိုင်ငံသား ဖြစ်သင့်တယ်လို့ ရွန်နေးကလည်း ပြောခဲ့ပါသေးတယ်။

play

 

ယူရိုပြိုင်ပွဲမှာ အရှက်တကွဲ ဖြစ်ခဲ့ရပြီးနောက် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က အာဆင်နယ် အသင်းနည်းပြ အာစင်ဝင်းဂါးကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ အင်္ဂလန်ရဲ့ အနာဂတ်နည်းပြဟာ ပြည်ပနိုင်ငံသား ဖြစ်သင့်တယ်လို့ ရွန်နေးကလည်း ပြောခဲ့ပါသေးတယ်။

play

 

အိုက်စလန်ကို ရှုံးပြီးလို့ ပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက်မှာ ရာထူးက နှုတ်ထွက်သွားတဲ့ ရွိုင်ဟော့ဆန်နေရာကို အစားထိုးဖို့ အင်္ဂလန်အသင်း လိုအပ်နေတာဖြစ်ပါတယ်။ နောက်တစ်ခါ အင်္ဂလန်အသင်းအတွက် ခန့်အပ်မယ့် နည်းပြဟာ အသင်းနဲ့ အသင့်တော်ဆုံး၊ အံအဝင်ဆုံး အကောင်းဆုံးနည်းပြဖြစ်ရမယ်လို့ အင်္ဂလန်အက်ဖ်အေ အမှုဆောင်ချုပ် မာတင်ဂလင်းက ပြောခဲ့ပါသေးတယ်။

play

 

ဒေးလီးမေးလ်သတင်းစာရဲ့ ဖော်ပြချက်အရ နောက်တစ်ရာသီပြီးရင် အာဆင်နယ်အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် အာစင်ဝင်းဂါးကို နောက်နှစ်နွေရာသီမှာ အင်္ဂလန်အသင်းခေါ်နိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် အာဆင်နယ် အသင်းဘက်က အာစင်ဝင်းဂါးကို စာချုပ်သက်တမ်းတိုးဖို့ ထပ်ပြီးကြိုးစားနေပါတယ်။ အင်္ဂလန်အသင်းရဲ့ ကြိုးပမ်းမှုကို တားဆီးဖို့ အာဆင်နယ်အသင်းဘက်က ဒီတစ်ပတ်အတွင်း စာချုပ်တိုးဖို့ နည်းပြဝင်းဂါးနဲ့ ဆွေးနွေးမယ်လို့ သိရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ