EPL: မော်ရင်ဟို၏ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး မန်ယူမှ ထွက်ခွာရန် ရိုင်ယန်ဂစ်ဆုံးဖြတ်ခဲ့ဟု ဆို

ရိုင်ယန်ဂစ်က ရာသီမစခင်မှာ အသင်းနည်းပြ အဖွဲ့ဝင်အဖြစ်က နှုတ်ထွက်ချင်နေတာဖြစ်ပါတယ်။

play

 

မန်ယူအသင်း နည်းပြအဖွဲ့ဝင်ဖြစ်တဲ့ ရိုင်ယန်ဂစ်က မန်ယူအသင်းက ထွက်ခွာဖို့ အသင်းတာဝန်ရှိသူတွေနဲ့ စတင်ဆွေးနွေးနေပြီလို့ သိရပါတယ်။ စာချုပ်သက်တမ်း တစ်နှစ်ကျန်သေးပေမယ့် ရိုင်ယန်ဂစ်က ရာသီမစခင်မှာ အသင်းနည်းပြ အဖွဲ့ဝင်အဖြစ်က နှုတ်ထွက်ချင်နေတာဖြစ်ပါတယ်။

play

 

မော်ရင်ဟိုနဲ့ မန်ယူအသင်းဘက်က ရိုင်ယန်ဂစ်ကို လက်ထောက်နည်းပြအဖွဲ့ဝင်အဖြစ် ဆက်လက်ရှိနေပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ရိုင်ယန်ဂစ်ဘက်က သဘောမတူခဲ့တာဖြစ်ပါတယ်။ အခုတော့ ရိုင်ယန်ဂစ်ရဲ့ ကိုယ်စားလှယ် အေးဂျင့်တွေက အသင်းနဲ့ စတင်ဆွေးနွေးနေပြီလို့ ဆိုပါတယ်။ ဒါပေမယ့် ရိုင်ယန်ဂစ်နဲ့ မော်ရင်ဟိုအကြား ဒီကိစ္စကို တိုက်ရိုက်ဆွေးနွေးတာမျိုး မလုပ်ရသေးဘူးလို့ သိရပါတယ်။

play

 

မကြာသေးခင် ရက်ပိုင်းတုန်းက ITV ရုပ်သံလိုင်းအတွက် အစီအစဉ်ကြေငြာသူအလုပ်ကို လက်ခံလိုက်ပြီးနောက်ပိုင်း ရိုင်ယန်ဂစ်ရဲ့ အေးဂျင့်တွေက အသင်းနဲ့ စတင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ရိုင်ယန်ဂစ်က မန်ယူအသင်းကို ၁၉၈၇ ခုနှစ်က ရောက်ခဲ့ပြီး ကစားသမားဘဝနဲ့ ပွဲပေါင်း ၉၆၃ ပွဲကစားပြီး စံချိန်တင်ထားသူ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ