EPL: အီဗရာဟီမိုဗစ်ခ်ျ မွေးရပ်မြေတွင် မန်ယူခြေစမ်းပွဲ ကစားပေးမည်

အီဗရာဟီမိုဗစ်ခ်ျ အပြောင်းအရွှေ့ကိုလည်း မန်ယူအသင်း မကြာခင် ကြေငြာဖွယ် ရှိပါတယ်။

play

 

မန်ယူအသင်းရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်တွေ ထုတ်ပြန်ကြေငြာလိုက်ပြီးနောက် တိုက်စစ်မှူးအီဗရာဟီမိုဗစ်ခ်ျကို ခေါ်ယူတော့မယ်ဆိုတာ သေချာတဲ့ သဲလွန်စ တစ်ခုပါလာခဲ့တယ်လို့ ဗြိတိန်သတင်းစာတွေက ယနေ့မနက် ဖော်ပြလိုက်ပါတယ်။

play

 

မန်ယူအသင်းက လာမယ့် ပရီးမီးယားလိဂ် ဘောလုံးရာသီမစခင်မှာ ဂါလာတာစာရေးအသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ စီစဉ်လိုက်ပါတယ်။ ဂါလာတာဆာရေးအသင်းက တူရကီအသင်းဖြစ်ပေမယ့် မန်ယူနဲ့ ကစားမယ့်ခြေစမ်းပွဲကို ဆွီဒင်နိုင်ငံ ဂိုသမ်ဘာ့ဂ်မြို့ရဲ့ ဘောလုံးကွင်းမှာ ကစားဖြစ်မယ်လို့ ကြေငြာလိုက်ပါတယ်။ ဒါဟာ မန်ယူအသင်းနဲ့ မကြာခင် စာချုပ်ချုပ်တော့မယ်လို့ သတင်းတွေထွက်နေတဲ့ ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျရဲ့ မွေးရပ်မြေလည်းဖြစ်ပါတယ်။

play

 

တိုက်စစ်မှူးရဲ့ မွေးရပ်မြေမှာ ခြေစမ်းပွဲကစားဖို့ ရုတ်တရက် ကြေငြာလိုက်တာ ဖြစ်တဲ့အတွက် မန်ယူအသင်းဟာ အီဗရာဟီမိုဗစ်ခ်ျရဲ့ အပြောင်းအရွှေ့ကိစ္စကို ကြာသပတေးနေ့(ယနေ့)မှာ ထုတ်ပြန်ကြေငြာဖွယ် ရှိတယ်လို့လည်းဗြိတိန်မီဒီယာတွေက ခန့်မှန်းထားကြပါတယ်။

တရုတ်မှာ သွားရောက်ကစားရမယ့်ပွဲစဉ်တွေအတွက် မန်ယူအသင်းရဲ့ လူစာရင်းကို လာမယ့်တပတ်မှာ ထုတ်ပြန်ကြေငြာဖွယ် ရှိပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ