EPL: တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျကို မန်ယူအသင်း ခေါ်ယူ

လာမယ့်ရာသီ မန်ယူအသင်း တိုက်စစ်မှာ အီဗရာဟီမိုဗစ်ခ်ျကို မြင်တွေ့ရတော့မှာပါ။

 

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူးဟောင်း အီဗရာဟီမိုဗစ်ခ်ျကို မန်ယူအသင်းက စာချုပ်ချုပ်ဆို ခေါ်ယူလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။ အပြောင်းအရွှေ့ကို တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျဘက်က ဒီကနေ့ပဲ စတင်ကြေငြာလိုက်တာဖြစ်ပါတယ်။

 

" ကျွန်တော့်ရဲ့ နောက်ထပ် ခရီးစဉ်အသစ်က မန်ယူအသင်းနဲ့ ဖြစ်ပါတယ်" လို့ အီဗရာဟီမိုဗစ်ခ်ျက သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားကြေငြာခဲ့တာပါ။ ဒီကနေ့ မနက်ပိုင်းမှာ မန်ယူအသင်းက ဂါလာတာဆာရေးနဲ့ ကစားမယ့် ခြေစမ်းပွဲကို အီဗရာဟီမိုဗစ်ခ်ျရဲ့ မွေးရပ်မြေမှာ ကစားမယ်လို့ ကြေငြာခဲ့ပါသေးတယ်။ မန်ယူအသင်းဘက်ကတော့ အဆိုပါတိုက်စစ်မှူးရဲ့ အပြောင်းအရွှေ့ကို အတည်ပြု ပြောကြားခြင်း မရှိသေးပါဘူး။

 

ဥရောပ ထိပ်သီးအသင်းတွေဖြစ်တဲ့ အေဂျက်ဇ်၊ အေစီမီလန်၊ အင်တာမီလန်၊ ဂျူဗင်တပ်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့မှာ ကစားခဲ့ဖူးတဲ့ အီဗရာဟီမိုဗစ်ခ်ျ နောက်ဆုံးကစားသမားဘဝဟာ ပရီးမီးယားလိဂ် ဖြစ်လာတော့မှာပါ။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ