EPL: အသင်းဂျာစီနဲ့အတူ အီဗရာဟီမိုဗစ်ခ်ျကို မန်ယူ မိတ်ဆက်

ကစားသမားသက်တမ်းတစ်လျှောက် စုစုပေါင်း ၇၉၃ ပွဲကစားခဲ့ပြီး ၄၅၄ ဂိုး သွင်းယူထားသူ ဖြစ်ပါတယ်။

play


မော်ရင်ဟို ရောက်ရှိလာပြီးနောက် ဒုတိယမြောက် ခေါ်ယူလိုက်တဲ့ ကစားသမား အီဗရာဟီမိုဗစ်ခ်ျကို မန်ချက်စတာယူနိုက်တက်က အသင်းဂျာစီနဲ့အတူ မိတ်ဆက်လိုက်ပါတယ်။

play


အင်္ဂလန်မှာ အကောင်းဆုံး အမှတ်ရစရာတွေ ဖန်တီးသွားမယ်လို့လည်း အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးက ပြောထားပါတယ်။ မော်ရင်ဟိုနဲ့ အီဗာရာဟီမိုဗစ်ခ်ျတို့ဟာ အင်တာမီလန်အသင်းမှာ ဆုံခဲ့ကြဖူးသူတွေလည်း ဖြစ်ပါတယ်။

play


မန်ယူက အီဗရာဟီမိုဗစ်ခ်ျကို ခေါ်ယူလိုက်ကြောင်း သောကြာနေ့ (ဇူလိုင် ၁ ရက်) က တွစ်တာမှာ ဗီဒီယိုတစ်ခု လွှင့်တင်ပြီးတော့လည်း အတည်ပြုခဲ့ပါသေးတယ်။

play


ဆွီဒင်လက်ရွေးစင် အီဗရာဟီမိုဗစ်ခ်ျဟာ ကလပ်အသင်း ၇ သင်း ပြောင်းရွှေ့ကစားခဲ့ဖူးတဲ့ ဝါရင့်တိုက်စစ်မှူးဖြစ်ပြီး လက်ရှိအချိန်အထိ ကစားသမားသက်တမ်းတစ်လျှောက် စုစုပေါင်း ၇၉၃ ပွဲကစားခဲ့ပြီး ၄၅၄ ဂိုး သွင်းယူထားသူ ဖြစ်ပါတယ်။

play


Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ