EPL: အင်္ဂလန်ဘောလုံးသမား နှစ်ဦးနဲ့ ဇာတ်လမ်းဖြစ်ခဲ့ဖူးတဲ့ ပလေးဘွိုင်းမောဒယ်

ပရီးမီးယားလိဂ်မှာလည်း ပြိုင်ဘက်တွေဖြစ်တဲ့ ဘောလုံးသမားတွေပါ။

play

 

အင်္ဂလန်လက်ရွေးစင် ဘောလုံးသမား နှစ်ဦးလုံး မျက်စိကျခဲ့တဲ့ မော်ဒယ်ဟာ ပလေးဘွိုင်းမော်ဒယ် ကာလာဟောင်း ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အဲဒီဘောလုံးသမားနှစ်ဦးဟာ ပရီးမီးယားလိဂ်မှာလည်း ပြိုင်ဘက်တွေ ဖြစ်နေခဲ့ကြပါသေးတယ်။

play

 

မော်ဒယ်ကာလာဟောင်းနဲ့ လီဗာပူးနောက်ခံကစားသမား ကလိုင်းက ပြီးခဲ့တဲ့ နွေရာသီက စတင်သိကျွမ်းခဲ့ကြတာပါ။ အဲဒီနောက် ကလိုင်းက လန်ဒန်မြို့လာတဲ့အချိန်တွေမှာ ကာလာဟောင်းနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ လီဗာပူးကစားသမား ကလိုင်းဘက်က ကာလာဟောင်းကို ရဖို့ကြိုးစားခဲ့ပေမယ့် အဆိုပါမော်ဒယ်ဘက်က လွယ်လွယ်လက်မခံခဲ့ဘူးလို့ သူ့ရဲ့သူငယ်ချင်းတွေက ပြောပါတယ်။ အနမ်းခြွေခဲ့တဲ့အထိ ကလိုင်းနဲ့ ကာလာဟောင်းတို့နှစ်ဦး ဖြစ်ခဲ့ကြပေမယ့် အဲဒီထက် အဆင့်မပိုခဲ့ဘူးလို့ သိရပါတယ်။

play

 

အဲဒီနောက်ပိုင်းမှာ ကာလာဟောင်းနဲ့ ကိုင်လီဝေါ်လ်ကာတို့ ပါတီမှာပွဲတစ်ခုမှာ တွေ့ဆုံရင်းနှီးသွားခဲ့ကြတယ်လို့ သိရပါတယ်။ စပါးကစားသမား ကိုင်လီဝေါ်လ်ကာဘက်က သူမကို ရဖို့ ကြိုးစားခဲ့ပေမယ့်လည်း မော်ဒယ် ကာလာဟောင်းက လက်မခံခဲ့ဘူးလို့ ကာလာဟောင်းရဲ့ သူငယ်ချင်းတွေက The Sun သတင်းစာကို ပြောပါတယ်။

play

 

Source & Photos : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ