ပီအက်စ်ဂျီအသင်းက ထွက်ခွာလာပြီးနောက် မန်ယူအသင်း ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာဟာ နည်းပြမော်ရင်ဟိုကြောင့် ဖြစ်တယ်လို့ မန်ယူအသင်း ကစားသမားသစ် ဖြစ်လာသူ အီဗရာဟီမိုဗစ်ခ်ျက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့မှာပဲ ဇလေတန်အီဗရာဟီမိုဗစ်ခ်ျကို မန်ယူအသင်းက တစ်နှစ်သက်တမ်းရှိတဲ့ စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။
မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားရတာဟာ သူ့အတွက် အရမ်းကို လွယ်ကူခဲ့ပြီး မော်ရင်ဟိုနဲ့ သူက မန်ယူအသင်းအတွက် အသင့်တော်ဆုံး အတွဲအဖက် ဖြစ်လိမ့်မယ်လို့ ဇလေတန်က ပြောပါတယ်။ မန်ယူအသင်းကို ရောက်လာခြင်းအတွက် ဇလေတန်က ပက်ကွီအိုနဲ့ မေဝဲလ်သာပွဲစဉ်နဲ့ ခိုင်းနှိုင်းပြောကြားခဲ့ပါသေးတယ်။ ပက်ကွီအိုနဲ့ မေဝဲလ်သာပွဲစဉ်ဟာ ဘယ်တော့မှဖြစ်မလာတော့ဘူးလို့ လူတွေပြောကြပေမယ့် တစ်ကယ်တမ်းမှာ ဖြစ်လာခဲ့ကြောင်း ဇလေတန်က မန်ယူအသင်းတီအသင်းတီဗီနဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
" မော်ရင်ဟိုရော ကျွန်တော်ရော အောင်မြင်မှုယူဖို့ ရောက်လာသူတွေဖြစ်ပါတယ်။ သူလည်း ကိုယ်လိုချင်တာ ရအောင်လုပ်နိုင်သလို ကျွန်တော်လည်း လုပ်နိုင်ပါတယ်။ နည်းပြတစ်ယောက်အနေနဲ့သာမဟုတ်ပဲ မိတ်ဆွေအနေနဲ့ပါ သူနဲ့ကျွန်တော်ဆက်ဆံရေးရှိပါတယ်။ နောင်တ ရမိတာကတော့ သူနဲ့ကျွန်တော် အရင်က အချိန်ခဏပဲ အတူရှိခဲ့ဖူးတာကိုပါပဲ" လို့ ဇလေတန် အီဗရာဟီမိုဗစ်ချက် မန်ယူကစားသမားဘဝ ပထမဆုံး အင်တာဗျူးမှာ ပြောပါတယ်။
Source : Daily Mail