EPL: မက်ခီတာယန်ကို မန်ယူခေါ်ယူလိုက်ပြီဟု ဒေါ့မွန်အတည်ပြု

ဒေါ့မွန်အသင်းဘက်က အရင်အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

play

 

တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျကို မန်ယူအသင်း ခေါ်ယူပြီးနောက်တစ်နေ့မှာပဲ နှစ်ရက်အတွင်း ဒုတိယမြောက် ကစားသမားအဖြစ် ဒေါ့မွန်အသင်း ကစားသမား မက်ခီတာယန်ရန်ကို ခေါ်ယူလိုက်ပြီလို့ အတည်ပြုလိုက်ပါတယ်။ မက်ခီတာယန်အပြောင်းအရွှေ့ သဘောတူညီမှု ရပြီဖြစ်ကြောင်း ဒေါ့မွန်အသင်းဘက်က အရင် သတင်းထုတ်ပြန်ခဲ့တာပါ။

play

 

လာမယ့်ရာသီမန်ယူအသင်းအတွက် အဓိက ကစားသမား ဖြစ်လာဖွယ်ရှိတဲ့ မက်ခီတာယန် အပြောင်းအရွှေ့အတွက် ပေါင် ၂၉ သန်းခန့် အသုံးပြုခဲ့ရဖွယ်ရှိနေပါတယ်။ အသက် ၂၇ နှစ်အရွယ် အာမေးနီးယားလက်ရွေးစင် မက်ခီတာယန်ကို လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း ဒီကနေ့မနက်ပဲ  ဒေါ့မွန်အသင်း အမှုဆောင်ချုပ် ဝက်ဇ်ကီက အတည်ပြုလိုက်တာဖြစ်ပါတယ်။

" လာမယ့် ၂၀၁၇ ခုနှစ်ကျရင် မက်ခီတာယန်ကို အလွန်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမယ့်အရေးကို ကျွန်တော်တို့ ရှောင်နိုင်ခဲ့ပါတယ်" လို့လည်း ဝက်ဇ်ကီက ပြောပါတယ်။ မက်ခီတာယန်မရောက်ခင်မှာ မန်ယူအသင်းက နောက်ခံကစားသမား ဘေလီနဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျတို့ကို ခေါ်ယူထားပြီးသား ဖြစ်ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ