EPL: မန်ယူအသင်းနှင့် လမ်းခွဲရသည့် ကိစ္စ ရိုင်ယန်ဂစ် ရှင်းလင်း

အသင်းမှာ ၂၉ နှစ်ကြာ ကစားသမားဘဝ၊ နည်းပြဘဝ နှစ်ခုလုံး ဖြတ်သန်းပြီးတဲ့နောက် လမ်းခွဲခဲ့တာဖြစ်ပါတယ်။

play

 

၂၉ နှစ်ကြာ မန်ယူအသင်းမှာ ရှိခဲ့ပြီးတဲ့နောက် အသင်းနဲ့ လမ်းခွဲလိုက်ရတဲ့ကိစ္စအပေါ် အသင်းဂန္တဝင်ကစားသမား ရိုင်ယန်ဂစ်က ပြန်လည်ရှင်းလင်းလိုက်ပါတယ်။ အခုချိန်ဟာ အသင်းကထွက်ခွာဖို့ အသင့်တော်ဆုံး အချိန်အဖြစ် ယူဆတာကြောင့် အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာလို့ ရိုင်ယန်ဂစ်ကပြောပါတယ်။

play

 

မန်ယူအသင်းထံကို ၁၄ နှစ်သားဘဝတည်းက ရောက်ရှိခဲ့ပြီး အခုချိန်ရောက်မှ ခွဲခွါဖို့ ဆုံးဖြတ်ခဲ့တာကြောင့် လွယ်လွယ်နဲ့တော့ စဉ်းစားမရခဲ့ဘူးလို့ ရိုင်ယန်ဂစ်ကပြောပါတယ်။ နည်းပြမော်ရင်ဟို လက်အောက်မှာ ရိုင်ယန်ဂစ်ကတိကျပြတ်သားတဲ့ ရာထူးနဲ့ အလုပ်တစ်ခု လိုချင်ခဲ့ပေမယ့် အသင်းဘက်က ကမ်းလှမ်းချက်တွေကို သဘောမကျတာကြောင့်စွန့်ခွာခဲ့တာဖြစ်တယ်လို့ မီဒီယာတွေက ရေးသားဖော်ပြပါတယ်။

play

 

ရိုင်ယန်ဂစ်ဘက်က တရားဝင် ထုတ်ပြန်ကြေညာစာထဲမှာတော့ ဖာဂူဆန်အပါအဝင် နည်းပြဗန်ဟားလ်တို့ဆီကလည်း လေ့လာသင်ယူစရာတွေ ရခဲ့ကြောင်း ပါရှိပါတယ်။ လက်ရှိနည်းပြမော်ရင်ဟိုအတွက်လည်း မန်ယူအသင်းနည်းပြဖြစ်လာတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထည့်သွင်းရေးသားထားပါတယ်။

play

 

မန်ယူအသင်းမှာ ဒေးဗစ်မိုယက်စ်၊ လူးဝစ္စဗန်ဟားလ်တို့လက်အောက် သုံးနှစ်ကြာ လက်ထောက်နည်းပြလုပ်ခဲ့တဲ့ ရိုင်ယန်ဂစ်က မကြာခင်မှာ အခြားအသင်းတစ်သင်းကို မန်နေဂျာအဖြစ် ကိုင်တွယ်တော့မယ်လို့ ယူဆရပါတယ်။

Source : Daily Mail/ Man Utd

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ