EPL: ဂျပန်လက်ရွေးစင် တာကူမာကို ခေါ်ယူရန် အာဆင်နယ် သဘောတူညီမှုရ

ဆေးစစ်မှုအောင်မြင်ပြီးပါက အပြောင်းအရွှေ့ကိစ္စကို အပြီးသတ်နိုင်ပြီဖြစ်ကာ တရားဝင် ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။

play


အာဆင်နယ်အသင်းက ဂျပန်လူငယ်ကစားသမား တာကူမာ အဆာနိုကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ အဆာနို အပြောင်းအရွှေ့အတွက် အာဆင်နယ်နဲ့ ဆန်ဖရီစီ ဟီရိုရှီးမားတို့ကြား သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။

play


တာကူမာဟာ အာဆင်နယ်ကို ပြောင်းရွှေ့ရန်အတွက် ဆေးစစ်မှုခံယူသွားရန်သာ ကျန်ရှိနေတယ်လို့ ဆိုပါတယ်။ အသက် ၂၁ နှစ်အရွယ် တာကူမာကို ဘောလုံးကလပ်အသင်း အများအပြားက စိတ်ဝင်စားမှု ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

play


အာဆင်နယ်အသင်းဟာ လက်စတာတိုက်စစ်မှူး ဗာဒီကို ခေါ်ယူရန် အဆင်မပြေဖြစ်ခဲ့ပြီးနောက် နည်းပြအာစင်ဝင်းဂါးက အသင်းရဲ့တိုက်စစ်အတွက် ရေရှည်မှာ အလားအလာရှိတဲ့ တာကူမာကို အရခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

play

 
အာစင်ဝင်းဂါးက တာကူမာကို လာမယ့် ရာသီသစ်မှာတော့ အတွေ့အကြုံရနိုင်ရန် အငှားချသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ တာကူမာက ဆန်ဖရီစီ ဟီရိုရှီးမားအသင်းမှာ ၇၅ ပွဲကစားပြီး ဂိုး ၂၀ သွင်းယူခဲ့ပါတယ်။

play


ဂျပန်လက်ရွေးစင်အဖြစ်လည်း ကစားနေတဲ့ တာကူမာက နိုင်ငံတကာပွဲ ၄ ပွဲကစားပြီး တစ်ဂိုး သွင်းယူထားခဲ့ပါတယ်။ တာကူမာရဲ့ ဆေးစစ်မှုအောင်မြင်ပြီးပါက အပြောင်းအရွှေ့ကိစ္စကို အပြီးသတ်နိုင်ပြီဖြစ်ကာ တရားဝင် ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ