EPL: ဂွာဒီယိုလာက မန်စီးတီးပရိသတ်များကို မိတ်ဆက်စကားပြော

သူရဲ့ အောင်မြင်မှုကို အင်္ဂလန်မှာ သက်သေပြချင်ခဲ့တယ်လို့ ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။

play


မန်ချက်စတာစီးတီးရဲ့ မန်နေဂျာသစ် ပက်ပ်ဂွာဒီယိုလာက အသင်းပရိသတ်တွေနဲ့ တွေ့ဆုံပြီး မိတ်ဆက်စကား ပြောကြားခဲ့ပါတယ်။

play


တနင်္ဂနွေနေ့ (ဇူလိုင် ၃ ရက်) က ပြုလုပ်တဲ့ ဂွာဒီယိုလာရဲ့ မိတ်ဆက်စကားပြောတဲ့ အစီအစဉ်ကို မန်စီးတီးပရိသတ် ၇,၀၀၀ ခန့် လာရောက်နားထောင်ခဲ့ကြကြောင်း သိရပါတယ်။

play


ဂွာဒီယိုလာဟာ မန်စီးတီးကို မန်နေဂျာအဖြစ် တာဝန်ယူရန် သုံးနှစ်သက်တမ်း စာချုပ်ဖြင့် ရောက်ရှိလာခဲ့ပြီးနောက် နာမည်ကြီး ကစားသမားနှစ်ဦးဖြစ်တဲ့ ဂန်ဒိုဂန်နဲ့ နိုလီတိုတို့ကို စာချုပ်ခေါ်ယူခဲ့ပါတယ်။ ဂွာဒီယိုလာက အာဆင်နယ်အသင်းမှ ထွက်ခွာပြီး ကစားသမားအဖြစ်မှ အနားယူတော့မယ့် မိုက်ကယ်အာတီတာကို ၎င်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ခေါ်ယူလိုက်ပါတယ်။

play


ဂွာဒီယိုလာက ၎င်းကို အသင်းမန်နေဂျာအဖြစ် အခွင့်အရေးပေးတဲ့အတွက် ပရိသတ်များကို ကျေးဇူးတင်ကြောင်းနဲ့ ဒီအခွင့်အရေးကို အကောင်းဆုံး အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ သူရဲ့ အောင်မြင်မှုကို ဘာစီလိုနာနဲ့ ဂျာမနီမှာ သက်သေပြခဲ့ပြီး ယခုအခါ အင်္ဂလန်မှာ သက်သေပြချင်ခဲ့တယ်လို့ ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။

play


အောင်မြင်မှုရယူနိုင်ဖို့အတွက် တစ်ယောက်တည်း မလုပ်နိုင်ဘဲ ကစားသမားတွေ၊ အသင်းဝန်ထမ်းအသီးသီးနဲ့ ပရိသတ်တွေရဲ့ အာပေးမှုကို လိုအပ်ကြောင်းလည်း ဂွာဒီယိုလာကမိတ်ဆက်စကားမှာ ထည့်သွင်းပြောသွားခဲ့ပါတယ်။
Source & Photo: Daily Mail, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ