EPL: အာဆင်နယ် ကစားသမားဟောင်း အာတီတာ မန်စီးတီး နည်းပြအဖွဲ့ဝင် ဖြစ်လာမည်

ဂွာဒီယိုလာရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ပါဝင်ရခြင်းမှာ အခွင့်အရေးကောင်းဖြစ်ပြီး လာမယ့် ဘောလုံးရာသီသစ်အတွက် စိတ်လှုပ်ရှားနေမိကြောင်း အာတီတာက ပြောပါတယ်။

play


အာဆင်နယ် အသင်းခေါင်းဆောင် မိုက်ကယ်အာတီတာက ဘောလုံးကစားခြင်းမှ အနားယူပြီဖြစ်ကြောင်း အတည်ပြု ကြေညာပြီးနောက် မန်ချက်စတာစီးတီးမှာ ဂွာဒီယိုလာရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အာတီတာက ၎င်းရဲ့ တွစ်တာမှတစ်ဆင့် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play


ဂွာဒီယိုလာရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ပါဝင်ရခြင်းမှာ အခွင့်အရေးကောင်းဖြစ်ပြီး လာမယ့် ဘောလုံးရာသီသစ်အတွက် စိတ်လှုပ်ရှားနေမိကြောင်း အာတီတာက ပြောပါတယ်။ အသက် ၃၄ နှစ်အရွယ် ကွင်းလယ်ကစားသမား အာတီတာဟာ အာဆင်နယ်မှာ ၅ နှစ်ကြာ ဘောလုံးကစားခဲ့ပြီး အသင်းခေါင်ဆောင်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

play


၂၀၁၅-၁၆ ဘောလုံးရာသီရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် အက်စတန်ဗီလာကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ ပွဲစဉ်ဟာ အာဆင်နယ်အတွက် အာတီတာ နောက်ဆုံးကစားခဲ့မှု ဖြစ်ပါတယ်။

စပိန်သား အာတီတာဟာ ဘာစီလိုနာ C နဲ့ B အသင်းများ၊ ပီအက်စ်ဂျီ၊ ရိန်းဂျားစ်၊ ဆိုစီဒက်၊ အဲဗာတန်နဲ့ အာဆင်နယ် အသင်းတွေမှာ ကစားခဲ့သူ ဖြစ်ပါတယ်။ ကလပ်အသင်း ကစားသမား သက်တမ်းတစ်လျှောက် စုစုပေါင်း ၄၃၉ ပွဲကစားကာ ၆၂ ဂိုး သွင်းယူခဲ့ပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ