EPL: ဗန်ပါစီကို ပြန်လည်ခေါ်ယူရန် အာဆင်နယ် စိတ်ဝင်စားနေဟုဆို

, updated

ဗန်ပါစီက လက်ရှိအသင်းနဲ့ အဆင်မပြေဖြစ်နေတာပါ။

play

 

အသင်းတိုက်စစ်မှူးဟောင်း ဖြစ်ခဲ့ဖူးတဲ့ ရော်ဘင်ဗန်ပါစီကို အာဆင်နယ်အသင်းက ပြန်လည်ခေါ်ယူဖွယ်ရှိကြောင်း ဗြိတိန်သတင်းတစ်ရပ်က ဖော်ပြလိုက်ပါတယ်။ လက်ရှိ ဖီနာဘာချီတိုက်စစ်မှူး ဖြစ်နေတဲ့ ရောဘင်ဗန်ပါစီက အာဆင်နယ်က ထွက်ခွာပြီးနောက် ပြိုင်ဘက် မန်ယူအသင်းထံ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

play

 

အာဆင်နယ် တိုက်စစ်မှူးဟောင်း ဗန်ပါစီက လက်ရှိ ဖီနာဘာချီအသင်းမှာ အသင်းနည်းပြနဲ့ အဆင်မပြေဖြစ်နေတာကြောင့် အသင်းကထွက်ခွာချင်နေတာဖြစ်ပါတယ်။ ဗန်ပါစီနဲ့ ဖီနာဘာချီက စာချုပ်လေးနှစ် ချုပ်ဆိုထားတာဖြစ်ပေမယ့် သင့်တော်တဲ့ ဈေးနှုန်းတစ်ရပ်နဲ့ ကမ်းလှမ်းလာခဲ့ရင် ထုတ်ရောင်းခံရဖွယ် ရှိနေပါတယ်။ ဗန်ပါစီကိုယ်တိုင်ကလည်း နောက်ထပ်အသင်းပြောင်းရွှေ့ဖို့ကိုသာ စိတ်ဝင်စားနေပါတယ်။

play

 

ဗန်ပါစီကို ပြန်လည်စာချုပ်ချုပ်ဆို ခေါ်ယူဖို့ အာဆင်နယ်တစ်သင်းတည်း ဆန္ဒရှိနေတာမဟုတ်ပဲ အခြားပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ ခရစ္စတယ်ပဲလေ့စ်တို့လည်း စိတ်ဝင်စားလျှက်ရှိပါတယ်။ ဖီနာဘာချီ အသင်းဥက္ကဌကတော့ ဗန်ပါစီကို ဝယ်မယ့်အသင်းကိုစောင့်နေတယ်လို့ တရားဝင်ပဲ ထုတ်ပြောထားပါတယ်။

Source & photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ