EPL: အင်္ဂလန်အသင်းအတွက် အချိန်ပြည့်စိတ်ပညာရှင်များ ခန့်ထားပေးမည်

လာမယ့်ပြိုင်ပွဲတွေမှာ ကစားသမားတွေ ဖိအားကင်းနေအောင် စီစဉ်တာဖြစ်ပါတယ်။

play

 

ယူရိုပြိုင်ပွဲအရှုံးကြောင့် ဖိအားတွေ ခံစားနေရတဲ့ အင်္ဂလန်ကစားသမားတွေအတွက် အချိန်ပြည့်စိတ်ပညာရှင်တွေ ခန့်အပ်သွားမယ်လို့ သိရပါတယ်။ လာမယ့် ပြိုင်ပွဲတွေမှာ ဖိအားတွေဒဏ်က ရုန်းထွက်ပြီး ရလဒ်ကောင်းစေဖို့အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က စီစဉ်ထားတာဖြစ်ပါတယ်။

အထူးသဖြင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်အသင်းရလဒ်ပိုကောင်းလာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ယူရိုပြိုင်ပွဲမတိုင်ခင်မှာလည်း အင်္ဂလန်အသင်း ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို အားပေးကူညီဖို့အတွက် စိတ်ပညာရှင်ဒေါက်တာ စတိဗ်ပီတာကို ခန့်အပ်ထားခဲ့ပါသေးတယ်။ ဒါပေမယ့် စတိဗ်က အချိန်ပြည့်ခန့်ထားတာ မဟုတ်လို့ အသင်းအတွက် အချိန်တိုင်းမရှိနိုင်ဘူးလို့ ယူရိုပြိုင်ပွဲမစခင်မှာ နည်းပြရွိုင်းဟော့ဆန် ပြောခဲ့ပါသေးတယ်။

play

 

လာမယ့်ပြိုင်ပွဲတွေမှာ ပြန်လည်ရလဒ်ကောင်းလာစေဖို့အတွက် အချိန်ပြည့်အသင်းမန်နေဂျာတစ်ဦးနဲ့အတူ အချိန်ပြည့်စိတ်ပညာရှင်တွေကိုပါ ခန့်အပ်ထားတော့မှာဖြစ်ပါတယ်။ လက်ရှိအသင်းအတွက် အချိန်ပိုင်း တာဝန်ထမ်းဆောင်ပေးတဲ့ ဒေါက်တာစတိဗ်ဆက်ရှိဖို့ကတော့ မသေချာတော့ပါဘူး။ ဘောလုံး အသင်းတစ်သင်း ပြိုင်ပွဲမှာ အောင်မြင်ဖို့ဟာ ကစားသမားတွေရဲ့ စိတ်နေစိတ်ထားကောင်းကောင်းရှိနေဖို့က အဓိကကျကြောင်း အက်ဖ်အေအမှုဆောင်ချုပ် မာတင်ဂလင်းက ပြောပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ