EPL: အင်ဒိုနီးရှားမှာ မန်ယူကစားသမား စမောလင်း ဆေးရုံရောက်

အပန်းဖြေခရီးမှာ စမောလင်း ဆေးရုံရောက်သွားတာဖြစ်ပါတယ်။

play

 

အင်္ဂလန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲက စောစောစီးစီးထွက်ခဲ့ရတဲ့ မန်ယူအသင်းနောက်ခံလူ စမောလင်း ဆေးရုံရောက်သွားတယ်လို့သိရပါတယ်။ အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းကို အပန်းဖြေခရီးထွက်နေခိုက် ဆေးရုံတက်ခဲ့ရတာဖြစ်ပါတယ်။

ခေါင်းနဲ့ လက်တွေမှာ ပတ်တီးစည်းထားရသလို လည်ပင်းမှာလည်း လည်ပင်းစွပ်ဝတ်ထားရတဲ့ စမောလင်းရဲ့ အခြေအနေကို ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။ အပန်းဖြေခရီးမှာ အစာအဆိပ်သင့်ပြီး ဆေးရုံရောက်သွားခဲ့တာလို့ ဆိုပါတယ်။

play

 

ဂျယ်လီငါးကြောင့် စမောလင်း အဆိပ်သင့်ပြီးဆေးရုံရောက်သွားခဲ့ရတာဖြစ်တယ်လို့ မန်ယူအသင်းက တရားဝင် သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဘာမှစိုးရိမ်စရာမရှိတော့ပဲ ပြန်လည်သက်သာလာပြီလို့ သိရပါတယ်။ လက်ရွေးစင်အသင်း အရှက်တကွဲ ရှုံးပွဲတွေ့ပြီးနောက် စိတ်သက်သာရာရအောင် အပန်းဖြေခရီးထွက်ခဲ့ပေမယ့် စမောလင်းအတွက်တော့ အပန်းဖြေခရီးဟာ အခက်အခဲနဲ့ ဖြတ်သန်းခဲ့ရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ