EPL: ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ရန် မိခင်ဖြစ်သူထံ မန်ယူအသင်း ချဉ်းကပ်

ဂျူဗင်တပ်ဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ကိုတော့ မန်ယူအသင်း ပေးချေမှာ မဟုတ်ပါဘူး။

play

 

ပေါ့ဂ်ဘာကို မန်ယူအသင်းက ခေါ်ယူဖို့ ကြိုးစားနေတဲ့ ကိစ္စမှာ တကယ်တမ်း အဓိကျနေသူက ကစားသမားရဲ့ မိခင်သာဖြစ်တယ်လို့ ဗြိတိန်သတင်းတစ်ရပ်က ဖော်ပြထားပါတယ်။ ပေါ့ဂ်ဘာအတွက် ဂျူဗင်တပ်က သတ်မှတ်ထားတဲ့ ပေါင်သန်း ၈၀ ပေးဖို့ကိုတော့ မန်ယူအသင်းဘက်က ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။

play

 

မန်ယူအသင်းထံက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုခဲ့ရတဲ့ ကစားသမားကို ပေါင်သန်း ၈၀ ပေးပြီး ပြန်ခေါ်ဖို့ ဆန္ဒမရှိတာဖြစ်ပါတယယ်။ ဒါ့အပြင် အရင်က ပေါ့ဂ်ဘာကို မန်ယူအသင်းနဲ့အပြိုင်ခေါ်ဖို့ စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ်ကလည်း ပေါ့ဂ်ဘာအစား ကုန်ကျစရိတ်များစွာ ပိုသက်သာနိုင်တဲ့ လက်စတာကွင်းလယ်ကစားသမား ကန်တေကိုသာ ခေါ်ဖို့ ပိုပြီးစိတ်ဝင်စားလာတာကြောင့် ဖြစ်ပါတယ်။

play

 

မန်ယူအသင်း လက်ရှိခေါ်ထားတဲ့ တိုက်စစ်မှူးအီဗရာဟီမိုဗစ်ခ်ျ၊ မက်ခီတာယန်တို့ရဲ့ အေးဂျင့်ဖြစ်သူ ရေးအိုလာဟာ ပေါ့ဂ်ဘာရဲ့ အေးဂျင့်လည်းဖြစ်နေပြန်ပါတယ်။

play
အေးဂျင့် ရေးအိုလာ

 

ဒါကြောင့် အေးဂျင့်အကူအညီနဲ့ ပေါ့ဂ်ဘာရဲ့ မိခင်ဖြစ်သူကို တိုက်ရိုက်ချဉ်းကပ်ပြီး မန်ယူအသင်းကို ပြောင်းရွှေ့လာဖို့ ဆန္ဒရှိအောင် အသင်းက ကြိုးစားမယ်လို့ ဗြိတိန်သတင်းတစ်ရပ်မှာဖော်ပြထားတာပါ။ ပေါ့ဂ်ဘာကို လိုချင်နေတဲ့ အသင်းတွေရှိတယ်ဆိုတော့သေချာကြောင်း ဂျူဗင်တပ်ကစားသမားရဲ့ အမည်မဖော်လိုသူ သူငယ်ချင်းတွေက ပြောပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ