EPL: မန်ယူနည်းပြဘဝ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲတွင် အာစင်ဝင်းဂါးကို မော်ရင်ဟို ဝေဖန်

မန်ယူအသင်းနဲ့အတူ ရနိုင်သမျှ ဖလားအားလုံးလိုချင်တယ်လို့လည်း မော်ရင်ဟိုက ပထမဆုံး သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

play

 

မန်ယူအသင်းမန်နေဂျာ မော်ရင်ဟိုက သူ့ရဲ့ မန်ယူအသင်းမန်နေဂျာဘဝ ပထမဆုံး သတင်းစာရှင်းစာ ရှင်းလင်းပွဲမှာ ပြိုင်ဘက်နည်းပြအာစင်ဝင်းဂါးအပေါ် ဝေဖန်စကား ပြောကြားလိုက်ပြန်ပါတယ်။ မိမိက ချယ်လ်ဆီးအသင်းနဲ့ ဆိုးရွားတဲ့အခြေအနေကို တစ်နှစ်တည်းသာ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အချို့သော မန်နေဂျာတွေဆိုရင် ဆယ်နှစ်လောက် ဖလားမရပဲ ဖြစ်နေတယ်လို့ မော်ရင်ဟိုက ပြောကြားလိုက်တာဖြစ်ပါတယ်။

play

 

အချို့မန်နေဂျာတွေဆိုရင် ဘယ်တော့မှ ဖလားမရဖူးဘူးလို့လည်း မော်ရင်ဟိုက ပြောပါတယ်။ ဒီအတွက် မန်ယူအသင်းမှာလည်း မိမိက အောင်မြင်မှု ရနိုင်တဲ့ သူမျိုးဆိုတာ သက်သေပြဖို့ ကြိုးစားမယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ မန်ယူအသင်းအတွက် ချန်ပီယံလိဂ် ဖလားမရတာလည်း ဒီတစ်နှစ်တည်းသာ ဖြစ်ဖို့မျှော်လင့်တယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ မန်ယူအသင်းနဲ့အတူ ရနိုင်သမျှ ဖလားအားလုံးယူဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

play

 

ဒါပေမယ့် အရေးကြီးတာက အသင်းရဲ့ ကစားပုံကောင်းနေဖို့ဖြစ်တယ်လို့လည်း မော်ရင်ဟိုက ပြောပါတယ်။ ပွဲအနည်းငယ်သာ ကစားရတဲ့ ပြိုင်ပွဲမျိုးမှာ အသင်းကစားပုံ မကောင်းလည်း ချန်ပီယံဖြစ်နိုင်ပေမယ့် ပရီးမီးယားလိဂ်လို ကာလရှည် ကစားရတဲ့ လိဂ်ပြိုင်ပွဲမျိုးမှာတော့ အသင်းကစားပုံ မကောင်းပဲနဲ့ ချန်ပီယံမဖြစ်နိုင်ဘူးလို့ မော်ရင်ဟိုက သုံးသပ်ထားပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ