EPL: မန်ယူနည်းပြ မော်ရင်ဟိုအပေါ် ဖာဂူဆန် မှတ်ချက်ပေး ချီးကျူး

ချယ်လ်ဆီးကို မော်ရင်ဟို ဒုတိယအကြိမ် ပြန်လာခဲ့တာတော့ မှားတယ်လို့ ဖာဂူဆန်က သုံးသပ်ခဲ့ပါတယ်။

play

 

နည်းပြမော်ရင်ဟို အလုပ်လုပ်ဖို့အတွက် မန်ယူအသင်းဟာ သင့်တော်မှန်ကန်တဲ့ ကလပ်အသင်းတစ်သင်းဖြစ်တယ်လို့ နည်းပြဟောင်း အဲလက်စ်ဖာဂူဆန်က ပြောကြားလိုက်ပါတယ်။ မော်ရင်ဟိုအနေနဲ့ မန်ယူနည်းပြဖြစ်မလာခင်မှာ ချယ်လ်ဆီးအသင်းကို တကျော့ပြန်ကိုင်တွယ်ခဲ့တာလည်း မှားယွင်းခဲ့တယ်လို့ ဖာဂူဆန်က သုံးသပ်ခဲ့ပါတယ်။

play

 

မန်ယူအသင်းကို တိုးတက်မှု ပြန်လည်ရရှိလာအောင် မော်ရင်လုပ်နိုင်မယ်ဆိုတာတော့ သေချာကြောင်း ဖာဂူဆန်က ပြောပါတယ်။ Sky Sports ရုပ်သံမေးမြန်းခန်း အစီအစဉ်မှာ ဖာဂူဆန်က မော်ရင်ဟိုအပေါ် အောက်ပါအတိုင်း ပြောခဲ့တာဖြစ်ပါတယ်။ " မန်ယူအသင်းကို အကြီးအကျယ်တိုးတက်လာအောင် မော်ရင်ဟို လုပ်ပြပါလိမ့်မယ်။

play

 

သူရခဲ့တဲ့အောင်မြင်မှုတွေ ချန်ပီယံလိဂ်ဖလားတွေ၊  စံချိန်တွေ ဒါတွေကို မေ့ထားလို့မရပါဘူး။ ဒါပေမဲ့ ချယ်လ်ဆီးကို ဒုတိယအကြိမ် ပြန်လာဖို့ ဆုံးဖြတ်ခဲ့တာတော့ သူမှားခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ ဘယ်ကိုပဲဖြစ်ဖြစ် ဒုတိယအကြိမ်ပြန်သွားရခြင်းဟာ အမြဲခက်ခဲလေ့ရှိပါတယ်" လို့ ဖာဂူဆန်က ပြောပါတယ်။

play

 

မော်ရင်ဟိုက မန်ယူနည်းပြဘဝ ပထမဆုံး သတင်းစာရှင်းလင်းပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ပြီးနောက် ပထမဆုံးနှစ်မှာပဲ ဖလားတွေရအောင် ကြိုးစားမယ်လို့ ပြောသွားပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ