EPL: ကွင်းလယ်ကစားသမား မက်ခီတာယန် မန်ယူနဲ့ စာချုပ်ချုပ်ဆို

မက်ခီတာယန်ဟာ မော်ရင်ဟိုလက်ထက်မှာ မန်ယူက ခေါ်ယူလိုက်တဲ့ တတိယမြောက် ကစားသမားလည်း ဖြစ်လာပါတယ်။

play


အာမေးနီးယား လက်ရွေးစင် ကွင်းလယ်ကစားသမား ဟင်းနရစ် မက်ခီတာယန်ကို မန်ချက်စတာယူနိုက်တက်က အပြီးသတ် စာချုပ်ခေါ်ယူခဲ့ပြီ ဖြစ်ပါတယ်။

play


မက်ခီတာယန်ဟာ မော်ရင်ဟိုလက်ထက်မှာ မန်ယူက ခေါ်ယူလိုက်တဲ့ တတိယမြောက် ကစားသမားလည်း ဖြစ်လာပါတယ်။ ဇူလိုင် ၆ ရက်မှာ ဆေးစစ်မှုအောင်မြင်ခဲ့ပြီးနောက် မက်ခီတာယန်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ခဲ့ပါတယ်။

play
play

 
အသက် ၂၇ နှစ်အရွယ် ဒေါ့မွန်ကစားသမား မက်ခီတာယန်ကို ပြောင်းရွှေ့ကြေး ပေါင်စတာလင် ၂၆ သန်းဖြင့် လေးနှစ်သက်တမ်း စာချုပ်ချုပ်ဆို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

play


မန်ယူက နည်းပြသစ် မော်ရင်ဟိုကို တရားဝင် မိတ်ဆက်ခဲ့ပြီး ၂၄ နာရီအကြာမှာ မက်ခီတာယန်ကို အပြီးသတ် စာချုပ်ချုပ်ဆိုခဲ့တာပါ။

play


မက်ခီတာယန်က ဒေါ့မွန်မှာ သုံးနှစ်အတွင်း ၅၂ ပွဲကစားခဲ့ပြီး ၂၃ ဂိုးသွင်းယူထားပါတယ်။ မော်ရင်ဟိုလက်ထက်မှာ မန်ယူအသင်းက အီဗရာဟီမိုဗစ်ခ်ျ၊ အဲရစ်ဘေလီနဲ့ မက်ခီတာယန်တို့ကို ခေါ်ယူခဲ့ပြီး ဖြစ်ပါတယ်။

play


Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ