EPL: ပိုက်ဆံလာတောင်းတဲ့ အိမ်ယာမဲ့ကို ပေါင် ၂၀ ပေးခဲ့တဲ့ မော်ရင်ဟို

မန်ချက်စတာမြို့လယ်မှာ မော်ရင်ဟို လမ်းလျှောက်လာတုန်း အိမ်ယာမဲ့တွေနဲ့ ကြုံခဲ့ရတာပါ။

play

 

အသင်းနည်းပြအဖွဲ့ဝင် တစ်ဦးနဲ့အတူ မန်ချက်စတာမြို့ထဲ ထွက်လာတဲ့ မော်ရင်ဟိုက ပိုက်ဆံလာတောင်းရမ်းတဲ့ အိမ်ခြေမဲ့ တစ်ဦးကို စတာလင်ပေါင် ၂၀ ထုတ်ပေးလိုက်ကြောင်း သိရပါတယယ်။ ပထမဆုံး လာရောက်တောင်းရမ်းခဲ့သူအတွက် မော်ရင်ဟို သဘောကောင်းခဲ့ပေမယ့် နောက်ထပ်ရောက်လာသူတွေအတွက်တော့ သဘောမကောင်းခဲ့ပါဘူး။

play

 

မန်ချက်စတာ စီးတီးစင်တာအနီးကို ရောက်နေတဲ့ မော်ရင်ဟိုက သူ့ထံကို ပထမဆုံး ရောက်လာတဲ့ အိမ်ယာမဲ့တစ်ဦး ပိုက်ဆံတောင်းတာကို နားထောင်ပြီးနောက် ပေါင် ၂၀ ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ရက်ရက်ရောရော ပေးတတ်သူမှန်း အနီးအနားက အိမ်ခြေယာမဲ့တွေ တွေ့လိုက်ရပြီးနောက် ငွေကြေးရဖို့ မျှော်လင့်ချက်နဲ့ နောက်ထပ်အိမ်ခြေယာမဲ့တွေဟာ မော်ရင်ဟိုအနီးကိုချဉ်းကပ်လာခဲ့ကြပါတယ်။

play

 

နောက်ထပ် ပိုက်ဆံတောင်းသူတွေ ရောက်လာတဲ့အခါမှာတော့ မော်ရင်ဟို အနည်းငယ်စိတ်ပျက်သွားခဲ့တာကို ဓာတ်ပုံတွေနဲ့အတူ မီဒီယာတွေက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ တစ်နှစ်လုပ်ခလစာ ပေါင် ၁၅ သန်းရရှိမယ့် မော်ရင်ဟိုက မန်ယူအသင်းအတွက် ရာသီအကြို အလုပ်စတင်လုပ်ကိုင်နေပြီဖြစ်ပြီး အပြောင်းအရွှေ့အတွက် ခြေလှမ်းစိတ်နေတသူ ဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ