EPL: ဆန်းချက်ဇ်ကို ခေါ်ရန် ဂျူဗင်တပ်ကမ်းလှမ်းမှု အာဆင်နယ် ပယ်ချ

ဆန်းချက်ဇ်ကို ဆက်ထိန်းထားနိုင်ဖို့အရေးမှာ အာဆင်နယ် စိတ်ပူနေရပါတယ်။

 

တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်အတွက် အီတလီကလပ် ဂျူဗင်တပ်အသင်းက ပေါင်သန်း ၃၀ နဲ့ကမ်းလှမ်းလာမှုကို လန်ဒန်ကလပ် အာဆင်နယ်အသင်းဘက်က ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။ မကြာသေးခင်ကမှ ချီလီအသင်းနဲ့အတူ ကိုပါအမေရိကဖလား ချန်ပီယံဖြစ်ထားတဲ့ ဆန်းချက်ဇ်ကို ဂျူဗင်တပ်ဘက်က ကမ်းလှမ်းခဲ့တာပါ။

 

ဂျူဗင်တပ်အသင်းဘက်က တိုက်စစ်မှူး မိုရာတာကို ရီးရဲလ်မက်ဒရစ်ထံ လက်လွှတ်လိုက်ရတဲ့အတွက် မိုရာတာနေရာမှာ အစားထိုးဖို့ ဆန်းချက်ဇ်ကို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက် အဓိက ကစားသမားဖြစ်ခဲ့တဲ့အပြင် ချီလီအသင်းနဲ့လည်း ကိုပါအမေရိကဖလားမှာ အကောင်းဆုံးကစားသမားဆုကို ဆန်းချက်ဇ်က ရခဲ့ပါသေးတယ်။ ဂျူဗင်တပ်အသင်းရဲ့ ကမ်းလှမ်းချက်ကို အာဆင်နယ်အသင်းဘက်က ချက်ခြင်းပယ်ချလိုက်ဖွယ် ရှိတယ်လို့ အီတလီသတင်းတစ်ရပ်က ဖော်ပြခဲ့တာဖြစ်ပါတယ်။

 

အသက် ၂၇ နှစ်ရှိပြီဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရာသီမှာ ၁၃ ဂိုးသွင်းယူနိုင်ခဲ့တဲ့ဆန်းချက်ဇ်ကို အာဆင်နယ်ဘက်က ရောင်းချဖို့မရှိပဲ အခြားကစားသမားတွေသာ ဆက်ခေါ်ချင်နေတာ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ