EPL: အွန်နရီကို အာဆင်နယ်နည်းပြ အလုပ်သာ အာရုံစိုက်စေချင်သည့် အာစင်ဝင်းဂါး

အွန်နရီက စကိုင်းစပို့တ်ရဲ့ အဓိကဘောလုံးပွဲအစီအစဉ်တင်ဆက်သူတွေထဲက တစ်ဦးဖြစ်ပါတယ်။

play

 

စကိုင်းစပို့တ်ရုပ်သံမှာ အားကစားအစီစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်နေတဲ့ သီယာရီအွန်နီရကို အလုပ်ထွက်ပြီး အာဆင်နယ်အသင်း အလုပ်ကိုသာ အာရုံစိုက်ဖို့ နည်းပြအာစင်ဝင်းဂါးက အလိုရှိနေကြောင်း သိရပါတယ်။ ဘောလုံးပွဲရှိတဲ့ စနေ၊ တနင်္ဂနွေနေ့မျိုးတွေမှာ အွန်နရီက စကိုင်းစပို့တ်အစီအစဉ်အတွက် အချိန်ပေးနေရတာကို အာစင်ဝင်းဂါးက မလိုချင်တာ ဖြစ်ပါတယ်။

play

 

လက်ရှိမှာ အာဆင်နယ်လူငယ်အသင်းနည်းပြဖြစ်တဲ့ အသင်းကစားသမားဟောင်း အွန်နရီက အနာဂတ်မှာ အာဆင်နယ်အသင်းနည်းပြဖြစ်လာဖို့ ရေပန်းစားနေသူလည်းဖြစ်ပါတယ်။ အားကစား ရုပ်သံလိုင်းဖြစ်တဲ့ စကိုင်းစပို့တ်နဲ့ အာဆင်နယ်အသင်း ဂန္တဝင်ကစားသမားဟောင်း အွန်နရီတို့ရဲ့ လက်ရှိစာချုပ်ကို တစ်နှစ်ကို ပေါင်လေးသန်းလောက် တန်ကြေးရှိနေပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းနည်းပြအဖြစ်နဲ့ပဲ အွန်နရီအာရုံစိုက်တာကို နည်းပြအာစင်ဝင်းဂါးက အလိုရှိနေတာဖြစ်ပါတယ်။

play

 

အာစင်ဝင်းဂါးက အနာဂတ်မှာအင်္ဂလန် လက်ရွေးစင် အသင်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်ဖို့ ရေပန်းစားနေသူလည်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့ နည်းပြဝင်းဂါး စာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန်တော့တဲ့ အချိန်မှာ အွန်နရီက အနာဂတ် အာဆင်နယ်နည်းပြအဖြစ် ပိုပြီး ရေပန်းစားလာတာပါ။a

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ