EPL: မန်ယူတွင် မော်ရင်ဟိုနှင့် ဖာဘရီဂတ်စ် ပြန်ဆုံဖွယ် ရှိနေ

မော်ရင်ဟိုနဲ့ ဖာဘဂရီဂတ်စ်အတွဲကို မန်ယူမှာ ပြန်တွေ့ရဖွယ် ရှိနေပါတယ်။

play

 

ချယ်လ်ဆီးအသင်း ကစားသမား ဖာဘရီဂတ်စ်ကို မန်ယူအသင်းမန်နေဂျာ ခေါ်ယူဖို့ စောင့်ကြည့်နေပြီး နည်းပြကွန်တီရဲ့ အစီအစဉ်ကို စောင့်ဆိုင်းနေတယ်လို့ ဗြိတိန်သတင်းတစ်ရပ်က ဖော်ပြပါတယ်။ နည်းပြသစ်ကွန်တီရဲ့ လက်အောက်မှာဖာဂရီဂတ်စ်ရဲ့ အနာဂတ် သေချာရေရာမှု ရှိမရှိ စောင့်ကြည့်နေဆဲဖြစ်ပြီး ဖာဘဂရီဂတ်စ်အသင်းကထွက်ခွာဖို့ အခြေအနေ ပေးမယ်ဆိုရင် မန်ယူအသင်းက ခေါ်ယူဖို့ ကြိုးစားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ချယ်လ်ဆီးနည်းပြသစ် ကွန်တီက အသင်းအတွက် လက်စတာကွင်းလယ်ကစားသမား ကန်တေနဲ့ လာဇီယိုကွင်းလယ်ကစားသမား ဖိလစ်အန်ဒါဆင်တို့ကိုခေါ်ယူဖို့ ကြိုးစားနေကြောင်း သတင်းတွေထွက်ထားပါတယ်။ ချယ်လ်ဆီးမှာ အနာဂတ်မရေမရာ ဖြစ်လာနေတဲ့ ဖာဘရီဂတ်စ်ကို ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုက စောင့်ကြည့်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

ဖာဘဂရီဂတ်စ်ကို မော်ရင်ဟိုကိုယ်တိုင်ပဲ ၂၀၁၄ ခုနှစ်တုန်းက ဘာစီလိုနာအသင်းထံကနေ ပေါင်သန်း ၃၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့အတူ နောက်ဆုံးရာသီမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဖာဘရီဂတ်စ်ကို အသင်းပရိသတ်အချို့ကလည်း ဝေဖန်ခဲ့ကြပါသေးတယ်။ ဂျူဗင်တပ်ကွင်းလယ်တိုက်စစ်ကစားသမား ပေါ့ဂ်ဘာကို မခေါ်ယူဖြစ်ခဲ့ဘူးဆိုရင် ဖာဘရီဂတ်စ်ကို ခေါ်ယူဖို့ မော်ရင်ဟို အစီအစဉ်ဆွဲထားကြောင်း သိရပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ