EPL: လီဗာပူး ကစားသမား သုံးဦး ယခုတစ်ပတ်အတွင်း အသင်းမှ ထွက်ခွာမည်

နည်းပြဂျာဂန်ကလော့က ရာသီသစ်အတွက် လီဗာပူးအသင်းကို အပြောင်းအလဲများစွာ ပြုလုပ်နေတာပါ။

play

 

ဘောလုံးရာသီမစခင်မှာ လီဗာပူးအသင်းထံကနေ သုံးဦးလောက်ထွက်ခွာဖွယ်ရှိနေတယ်လို့ သိရပါတယ်။ လီဗာပူးအသင်း နည်းပြ ဂျာဂန်ကလော့ကလည်း အသင်းကို သွေးသစ်လောင်းချင်တာဖြစ်တဲ့အတွက် နောက်ထပ်ကစားသမား အများအပြား ထပ်ခေါ်ဖွယ် ရှိနေပါတယ်။

play

 

အသင်းလူငယ်ကစားသမား ဂျော်ဒန်အီဘီ၊ နောက်ခံလူ စကာတယ်နဲ့ ဆာဂျီကာနို့စ်တို့ သုံးဦး အသင်းကထွက်ခွာဖွယ် ရှိနေတာဖြစ်ပါတယ်။ အီဘီက ဘုန်းမောက်အသင်းကို ပြောင်းရွှေ့ဖွယ်ရှိပြီး စကာတယ်ကတော့ ဖီနာဘာချီကိုရောက်ဖွယ် ရှိနေပါတယ်။ ဆာဂျီကာနို့စ်ကတော့ နောဝှစ်ကို ရောက်မယ်လို့ သိရပါတယ်။

play

 

အင်္ဂလန် ယူ-၂၁ ကစားသမားလည်းဖြစ်တဲ့ အီဘီက ခေါ်ယူဖို့ ဘုန်းမောက်အသင်းနဲ့ လီဗာပူးအသင်းအကြား သဘောတူညီမှု ရရှိသွားပြီဖြစ်ပြီး ယခုရက်သတ္တပတ်အတွင်း အပြီးသတ် ရောက်ရှိဖွယ် ရှိပါတယ်။

စကာတယ်ကတော့ ဖီနာဘာချီအသင်းကို ရောက်ရှိကြောင်း ယခုရက်ပိုင်းအတွင်းပဲ ကြေညာဖွယ် ရှိနေပါတယ်။ အီဘီကို ဘုန်းမောက်က ပေါင် ၁၅ သန်းနဲ့ခေါ်ဖို့ သဘောတူခဲ့တာဖြစ်ပြီး စကာတယ်အတွက်တော့ လီဗာပူး ပေါင် ၅ သန်းလောက် ရဖွယ် ရှိနေပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ