EPL: လီဗာပူးနောက်ခံလူ စကာတယ် ဖီနာဘာချီသို့ပြောင်းရန် ဆေးစစ်မှု အောင်မြင်

စကာတယ်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ မှာ ဆလိုဗက်ကီးယား အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။

play


လီဗာပူးအသင်းမှ ဆလိုဗက်ကီးယား နောက်ခံကစားသမား မာတင် စကာတယ်ရဲ့ ဆေးစစ်မှု အောင်မြင်ခဲ့ပြီးနောက် တူရကီ ဘောလုံးကလပ် ဖီနာဘာချီကို ပြောင်းရွှေ့မှု အပြီးသတ်နိုင်တော့မှာ ဖြစ်ပါတယ်။ ဖီနာဘာချီကို ပြောင်းရွှေ့ရန်အတွက် ဆေးစစ်မှုကို ယနေ့ (ဇူလိုင် ၁၃ ရက်) မှာ ပြုလုပ်ခဲ့ပါတယ်။

play


စကာတယ်ဟာ ၂၀၀၈ ခုနှစ် ဇန်နဝါရီလမှာ ရုရှားကလပ်အသင်း ဇင်းနစ်စိန့်ပီတာစဘတ်မှ လီဗာပူးသို့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် စကာတယ်ကို ဖီနာဘာချီက ပြောင်းရွှေ့ကြေး ပေါင်စတာလင် ၅.၅ သန်းဖြင့် ခေါ်ယူခဲ့ကြောင်း ဗြိတိန်သတင်းဌာနတွေက ပြောပါတယ်။

စကာတယ်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ မှာ ဆလိုဗက်ကီးယား အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။ ဆလိုဗက်ကီးယားဟာ ဂျာမနီအသင်းကို ၁၆ သင်း ရှုံးထွက်အဆင့်မှာ ရှုံးနိမ့်ပြီး ယူရို ၂၀၁၆ မှ ထွက်ခဲ့ရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ