EPL: ပေါ့ဂ်ဘာ ပေါင်သန်း ၁၀၀ မတန်ဟု အာဆင်နယ် ကစားသမားဟောင်း ဝေဖန်

ဒီတန်ကြေးနဲ့သာ အပြောင်းအရွှေ့ ဖြစ်မယ်ဆိုရင် သက်သက် ငွေကြေးဖြုန်းတီးတာ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

play

 

မန်ယူအသင်းက ခေါ်ယူဖို့ ကြိုးစားနေတဲ့ဂျူဗင်တပ်အသင်း ကစားသမား ပေါ့ဂ်ဘာကို ပေါင်သန်း ၁၀၀ ပေးပြီးဝယ်ယူမယ်ဆိုရင် ငွေကြေးကို အလွယ်တကူ ဖြုန်းတီးပစ်တာနဲ့ အတူတူပဲလို့ အာဆင်နယ်ကစားသမားဟောင်း ပီတစ်က ဝေဖန်ပြောကြားလိုက်ပါတယ်။

play

 

ရာသီမစခင်မှာ ပေါ့ဂ်ဘာရဲ့ အပြောင်းအရွှေ့ ဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူတဲ့ ကစားသမားအဖြစ် စံချိန်တင်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဂျူဗင်တပ်ကစားသမား ပေါ့ဂ်ဘာကို အရမ်းထူးခြားတဲ့ ကြယ်ပွင့်ကစားသမားအဖြစ် သတ်မှတ်ဖို့လည်း စောလွန်းသေးတယ်လို့ အာဆင်နယ်ကစားသမားဟောင်း ပီတစ်က ဝေဖန်ထားပါတယ်။ ပီတစ်က အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့မှာ ကစားဖူးပြီး ပြင်သစ်အသင်းနဲ့အတူ ၁၉၉၈ ကမ္ဘာ့ဖလား ရယူထားသူဖြစ်ပါတယ်။

play

 

ပေါ့ဂ်ဘာ ခြေစွမ်းဟာ ကောင်းမွန်တာ မှန်ပေမဲ့ ပေါင်သန်း ၁၀၀ နဲ့ ဝယ်ယူဖြစ်မယ်ဆိုရင်တော့ ဒါဟာ ဖြုန်းတီးမှု သပ်သပ်ပဲလို့ ဆိုပါတယ်။ " ပေါ့ဂ်ဘာမှာ အနာဂတ်ကောင်းရှိနေပြီးသားပါ။ အခုအခြေအနေကတော့ သူအပြောင်းအရွှေ့လုပ်ဖို့ စောပါသေးတယ်။ သူ့ဆီမှာ ဖြစ်နေတဲ့ ဒီလို အခြေအနေတွေကိုလည်းကျွန်တော် သဘောမကျဘူး။ ကျွန်တော့်အတွက်တော့ သူက ထူးခြားပြည့်စုံတဲ့ ကစားသမားတစ်ယောက် ဖြစ်နေပြီလို့ မမြင်သေးပါဘူး။ သူ့ကို ဒီလိုကစားသမားမျိုးဖြစ်လာအောင် ဝိုင်းလုပ်ပေးကြရမှာပါ" လို့ ပီတစ်က ဆိုပါတယ်။

Source: Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ