EPL: ရာသီအစ ပရီးမီးယားလိဂ် ပွဲစဉ်အချို့ကို ဆန်းချက်ဇ် လွဲချော်မည်

ကိုပါအမေရိက ဗိုလ်လုပွဲအပြီးမှာ ဆန်းချက်ဇ်က ခြေချင်းဝတ်ဒဏ်ရာ ရခဲ့တာပါ။

play

 

ချီလီအသင်းနဲ့ ကိုပါအမေရိကဖလားချန်ပီယံဖြစ်ခဲ့တဲ့ အာဆင်နယ် ကစားသမားဆန်းချက်ဇ်က ကလပ်အသင်းနဲ့အတူ ရာသီအဖွင့်ပွဲစဉ်တွေကို လွဲချော်တော့မယ်လို့ သိရပါတယ်။ ဆန်းချက်ဇ်အပြင် တိုက်စစ်ကစားသမား ဝဲလ်ဘက်လည်း ဒဏ်ရာရနေတာကြောင့် လာမယ့်ရာသီအစမှာ အာဆင်နယ်အသင်း တိုက်စစ်ပြဿနာ အခက်အခဲ ရှိလာနိုင်ပါတယ်။

play

 

ဒါ့အပြင် ယူရိုပြိုင်ပွဲကစားခဲ့ရတဲ့ ကစားသမားအချို့ကိုလည်း ရာသီအစပိုင်းလောက်အထိ အာဆင်နယ်အသင်း လက်လွှတ်ရဖွယ် ရှိနေပါသေးတယ်။ ဆန်းချက်ဇ်က အာဂျင်တီးနားအသင်းနဲ့ ကိုပါအမေရိကပွဲအပြီး ခြေချင်းဝတ်ဒဏ်ရာ ရနေတာဖြစ်ပါတယ်။ ဒဏ်ရာ မပြင်းထန်ပေမဲ့ ကြံ့ခိုင်မှု ပြည့်ဝလာအောင် အနားယူရမှာဖြစ်လို့ လီဗာပူးနဲ့ အဖွင့်ပွဲစဉ်ကို သေချာပေါက် လွဲချော်မှာ ဖြစ်ပါတယ်။

play

 

အာဆင်နယ်အသင်းနဲ့ သြဂုတ်လ ၈ ရက်နေ့လောက်မှ ဘောလုံးပြန်ကစားနိုင်မယ့် တိုက်စစ်မှူးဂျီရုဒ်လည်း အဆိုပါပွဲစဉ်မှာ ပါဝင်နိုင်မလားဆိုတာ မသေချာသေးပါဘူး။ ဒါကြောင့် လီဗာပူးနဲ့ ရာသီအစအဖွင့်ပွဲစဉ် အာဆင်နယ်အသင်းတိုက်စစ်မှာ ပါဝင်လာဖို့ သေချာတဲ့ တစ်ဦးတည်းသော တိုက်စစ်ကစားသမားက ဝဲလ်ကော့ဖြစ်နေပါတယ်။

Source : IBtime

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ