EPL: ကစားသမားသစ် သုံးဦး ခေါ်ယူမည့် ချယ်လ်ဆီး

နည်းပြသစ် ကွန်တီရောက်လာပြီးနောက် ချယ်လ်ဆီးအသင်း အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

play

 

ရာသီသစ်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို ပြန်လည်ယှဉ်ပြိုင်ဖို့အတွက် နောက်ထပ် ကစားသမားသစ် သုံးဦးလောက် ခေါ်ယူသွားမယ်လို့ အသင်းနည်းပြသစ် ကွန်တီက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက အဆင့်-၁၀ သာ ရခဲ့တဲ့အတွက် အသင်းကို အခြေအနေသစ်တစ်ခု ပြန်လည်တည်ဆောက်ရမှာ ဖြစ်တယ်လို့ ကွန်တီက ပြောပါတယ်။

play

 

" အသင်းအင်အားပိုပြီး တောင့်တင်းလာစေဖို့အတွက် ကျွန်တော်တို့မှာ ပစ်မှတ်တွေ ရှိပါတယ်။ အဲဒီပစ်မှတ်တွေ ရအောင် ကျွန်တော်တို့ ကြိုးစားရမှာပါ။ ကစားသမားသစ် နှစ်ယောက်၊ သုံးယောက်လောက် ပစ်မှတ်ထားနေပါတယ်။ မကြာခင် ရက်တွေအတွင်း ကျွန်တော်တို့ဆီ ရောက်လာနိုင်ပါတယ်။ အသင်းကို အင်အားရှိအောင် လုပ်နိုင်တာ ကစားသမားတွေပါ" လို့ ကွန်တီက ပြောပါတယ်။

play

 

လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ အဓိကပစ်မှတ်က တိုက်စစ်ကစားသမားတွေဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က တိုက်စစ်မှူးမိုရာတာကိုလည်း ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ နောက်ထပ် ရိုးမား ကွင်းလယ်ခံစစ်ကစားသမား နိုင်ဂိုလန်ကိုလည်း ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။ အခြားအသင်းတွေ မျက်စိကျနေတဲ့ လက်စတာ ကစားသမား ကန်တေကိုလည်း ချယ်လ်ဆီး ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Source : The Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ