EPL: ချယ်လ်ဆီး နည်းပြသစ် ကွန်တီအကြောင်း လူသိနည်းတဲ့ အချက် (၅) ချက်

နည်းပြသစ် ကွန်တီက ကစားသမားဘဝမှာတော့ အောင်မြင်ခဲ့သူပါ။

play

အီတလီအသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြကွန်တီ ချယ်လ်ဆီးကို ရောက်လာပြီးတဲ့နောက် လာမယ့်ရာသီသစ်အတွက် ချယ်လ်ဆီး အသင်း ဘာဖြစ်ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ချယ်လ်ဆီး နည်းပြသစ် ကွန်တီအကြောင်း လူသိနည်းသေးတဲ့ အချက် (၅) ချက်ရှိပါတယ်။

ကွန်တီဟာ ပရီးမီးယားလိဂ်ကို ကစားသမားအဖြစ်ရော၊ နည်းပြအဖြစ်ပါ ခြေမချဖူးသေးသူဖြစ်တာကြောင့် ပရီးမီးယားလိဂ် ပရိသတ်တွေနဲ့ ကွန်တီဟာ အနည်းငယ် စိမ်းနေနိုင်ပါတယ်။

၁။  ကစားသမားဘဝ

play

 

ကွန်တီဟာ ဂျူဗင်တပ်အသင်းနဲ့ အကျိုးပေးသူဖြစ်ပြီး ကစားသမားဘဝမှာ ဆုဖလား ၁၃ ခုအထိ ယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဂျူဗင်တပ် နည်းပြဘဝမှာတော့ ဆုဖလား ၃ ခုယူနိုင်ခဲ့ပါတယ်။

၂။ နည်းပြဘဝ အစ

play

 

နည်းပြ ကွန်တီက နည်းပြဘဝ အစမှာ အောင်မြင်မှု ရဖို့ ရုန်းကန်ခဲ့ရသူပါ။ စီးရီးဘီကလပ် အရက်ဇိုအသင်းကို ကိုင်တွယ်ခဲ့စဉ်က အောင်မြင်မှုမရပဲ သုံးလလောက်နဲ့ အထုတ်ခံခဲ့ရဖူးပါတယ်။

၃။ ဆံပင် စိုက်ထား

play

 

ကစားသမားဘဝ အဆုံးသတ်ခါနီးမှာ အန်တိုနီယိုကွန်တီက ဆံပင်ပါးတဲ့ ပြဿနာကို ရင်ဆိုင်ခဲ့ရပါသေးတယ်။ အဲဒီနောက် ဆံပင်တွေ ပါးလာတာကို ဖုံးကွယ်ဖို့ ဆံပင်အစားထိုး ကုသတဲ့ နည်းလမ်းကို အသုံးပြုခဲ့ပြီးတဲ့နောက် ဆံပင်တွေ ပြန်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ အီတလီမှာ ဆံပင်စိုက်ကုသဖို့ နည်းလမ်း နှစ်ကြိမ်တိုင်တိုင် မအောင်မြင်ခဲ့ပြီးတဲ့နောက် ကနေဒါကို သွားရောက်ကုသခဲ့ရပါသေးတယ်။

၎။ အခြားသူများနှင့် တည့်လေ့မရှိ

play

 

ကွန်တီဟာ ဂျူဗင်တပ်ကို ကိုင်တွယ်ခဲ့ပြီးတဲ့နောက်ပိုင်း အောင်မြင်မှု အချို့ရခဲ့ပါသေးတယ်။ စကူဒက်တူဖလားလည်း ရခဲ့သလို တစ်နှစ်လုံး ရှုံးပွဲမရှိ စံချိန်ကိုလည်း တင်နိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် အသင်းရဲ့ အပြောင်းအရွှေ့ ပေါ်လစီကို လက်မခံလို့ အသင်းတာဝန်ရှိသူတွေနဲ့ စကားများပြီး ရာထူးက နှုတ်ထွက်ခဲ့ပါတယ်။

၅။ ကစားကွက်

play

 

ကွန်တီက ၃-၅-၂ ကစားကွက်ကို အခြေခံပြီး ကစားကွက် ခင်းကျင်းတတ်တဲ့ နည်းပြဖြစ်ပါတယ်။ ချယ်လ်ဆီး နည်းပြဟောင်း မော်ရင်ဟိုလိုပဲ ခံစစ်ကို အသားပေးတဲ့ နည်းပြတစ်ဦးပါ။

Source : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ