EPL: ပွဲမစသေးခင် မန်ယူမှာ စံချိန်ချိုးလိုက်တဲ့ အီဗရာဟီမိုဗစ်ခ်ျ

KK

play

 

မန်ယူအသင်းနဲ့ ပွဲထွက်မကစားရသေးပေမယ့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျက မန်ယူအသင်းရဲ့ စံချိန်တစ်ခုကို ချိးဖျက်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဘောလုံးပွဲနဲ့ ပတ်သတ်တဲ့ စံချိန်တစ်ခုတော့ မဟုတ်ပါဘူး။

play

 

အသင်းကို အီဗရာဟီမိုဗစ်ခ်ျရောက်ကြောင်း တရားဝင်ကြေငြာပြီးတဲ့နောက်ပိုင်း အသင်းဂျာစီဓာတ်ပုံနဲ့ အင်စတာဂရမ်မှာ တင်ခဲ့တဲ့ ပို့စ်ဟာ Likes အများဆုံးရခဲ့တဲ့ ပို့စ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ လူမှုကွန်ယက် အင်စတာဂရမ်မှာ မန်ယူအသင်း တင်ခဲ့သမျှ ပို့စ်တွေထဲ Likes အများဆုံး ရခဲ့တာဖြစ်ပါတယ်။

play

 

အီဗရာဟီမိုဗစ်ခ်ျနဲ့ ပတ်သတ်တဲ့ ပို့စ်ပေါင်း လေးခုတိတိ အင်စတာဂရမ်မှာ မန်ယူအသင်း တရားဝင်အကောင့်က ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။ အဲဒီပို့စ်လေးခုလုံးဟာ မန်ယူအသင်းရဲ့ အင်စတာဂရမ်ပို့စ်သမိုင်းတစ်လျှောက် Likes အများဆုံးရတဲ့ ပို့စ်ခြောက်ခုထဲ စာရင်းဝင်သွားခဲ့ပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ