EPL: လက်စတာ ကစားသမား ကန်တေ ချယ်လ်ဆီး ရောက်တော့မည်

ချယ်လ်ဆီးအတွက် ဒုတိယမြောက်ခေါ်ယူတဲ့ ကစားသမားသစ် ဖြစ်လာတော့မှာပါ။

play

 

ဒီရာသီမှာ အသင်းပြောင်းဖို့ ရေပန်းစားနေတဲ့ လက်စတာအသင်း ကွင်းလယ်ကစားသမား ကန်တေကို ချယ်လ်ဆီးအသင်း ခေါ်ယူဖို့ အလွန်နီးစပ်နေပြီလို့ သိရပါတယ်။ လာမယ့် ၂၄ နာရီအတွင်း ကန်တေကိုချယ်လ်ဆီးက ဆေးစစ်ဖို့ ခေါ်ယူတော့မယ်လို့လည်း ဆိုပါတယ်။

ယခင် ချယ်လ်ဆီးအသင်း ကစားသမားဟောင်း မက်ခီလီလီလက်သစ်လို့ တင်စားခြင်းခံရတဲ့ ကန်တေကို ချယ်လ်ဆီးအသင်းကို ပေါင်သန်း ၃၀ ခန့် အသုံးပြုပြီး ခေါ်ယူမှာ ဖြစ်ပါတယ်။ ကန်တေကို တစ်ပတ်လုပ်ခလစာ ပေါင်း တစ်သိန်းနှစ်သောင်းအထိ ပေးချေဖို့ ချယ်လ်ဆီးနဲ့လည်း ပုဂ္ဂိုလ်ရေးရာ သဘောတူညီမှု ရထားပြီးပြီ ဖြစ်ကြောင်းသိရပါတယ်။ ဆေးစစ်မှု အောင်မြင်ခဲ့မယ်ဆိုရင် အပြောင်းအရွှေ့ကို ယခု တစ်ပတ်အတွင်း အပြီးသတ်မှာ ဖြစ်ပါတယ်။

play

 

လက်စတာအသင်းနည်းပြ ရေနီယာရီကိုယ်တိုင်ကလည်း ကန်တေကို ကိုယ့်ရဲ့အနာဂတ် ကိုယ်ကိုယ်တိုင်သာ ဆုံးဖြတ်ဖို့တိုက်တွန်းထားပါတယ်။ ချယ်လ်ဆီးအသင်းနည်းပြသစ်ဖြစ်လာတဲ့ ကွန်တီကိုယ်တိုင် ကစားသမားသစ် သုံးဦးခေါ်မယ်လို့ ပြောပြီး ရက်ပိုင်းအတွင်း ဒီအပြောင်းအရွှေ့ အပြီးသတ်ဖို့ နီးစပ်လာတပါ။ ကန်တေကို ခေါ်ယူဖြစ်ခဲ့မယ်ဆိုရင် ချယ်လ်ဆီးအတွက် ဒုတိယမြောက်ကစားသမားသစ် ဖြစ်လာမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ